![]() |
အယ်လ်ဘန်ပေါင်း သန်း ၇ဝ ကျော် ရောင်းချခဲ့ရပြီး ဂရမ်မီ ဆု နှစ်ကြိမ် ဆွတ်ခူး |
သူ့ကိုယ်သူ ဆွဲကြိုးချ အဆုံးစီရင်သွားတာလို့ လော့စ် အိန်ဂျလိစ် က သေမှုသေခင်း စုံစမ်းရေး အရာရှိက ပြောပါတယ်။
မနေ့က ကြာသပတေးနေ့ ဒေသစံတော်ချိန် ၉ နာရီမှာ သူ့ရဲ့အိမ်မှာ သေလျက်သား တွေ့ရတာ ဖြစ်ပါတယ်။
သူဟာ အရက်နဲ့ မူးယစ်ဆေးစွဲနေပြီး ကွယ်လွန်ချိန်မှာ အသက် ၄၁ ရှိကာ အိမ်ထောင်နှစ်ဆက်နဲ့ ကလေးခြောက်ယောက် ကျန်ခဲ့ပါတယ်။
Linkin Park လင်ကင် ပါ့ခ် တီးဝိုင်း ကို ၁၉၉၆ ခုနှစ်တုန်းက စတည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတလွှား အယ်လ်မ်ဘပေါင်း သန်း ၇ဝ ကျော် ရောင်းချခဲ့ရပြီး ဂရမ်မီ ဆု နှစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
လင်ကင်ပါ့ခ်က ဘန်နင်းတန် ကွယ်လွန်
Reviewed by THITHTOOLWIN
on
07:49
Rating:
