ဆာလာအိတ်များဖြင့် ထုတ်ပိုးထားသော တရားမဝင် သင်းခွေချပ်နှင့် ဖြူကောင်များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၃၀

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်၊ ဘန့်ဘွေးနယ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်၌ ယာဉ်များ စစ်ဆေးခြင်းဆောင်ရွက် နေစဉ် ဆာလာအိတ်များဖြင့် ထုတ်ပိုးထားသော တရားမဝင် သင်းခွေချပ်နှင့် ဖြူကောင်များ ဖမ်းဆီးရမိကြောင်း သိရပါသည်။


မန္တလေးဘက်မှ လားရှိုးဘက်သို့ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၂)နေ စံမြင့်(၃၀)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အားခွေ(၄၅)နှစ် လိုက်ပါလာသည့် EE/×××× AD VAN အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်များဖြင့် ထုတ်ပိုးထားသော တရားမဝင် သင်းခွေချပ် အသေ(၅)ကောင်၊ အလေးချိန်(၃.၉၉)ပိဿာ၊ ဖြူ အသေ(၁၂)ကောင်၊ အလေးချိန်(၆.၀၅)ပိဿာ၊ သင်းခွေချပ် အကြေးခွံ အလေးချိန်(၂)ပိဿာ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စံမြင့် နှင့် အာခွေ တို့(၂)ဦးအား နောင်ချိုမြို့မရဲစခန်း(ပ)၁၂၉/၂၀၁၇၊ တောင်ရိုင်းအက်ဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဆာလာအိတ်များဖြင့် ထုတ်ပိုးထားသော တရားမဝင် သင်းခွေချပ်နှင့် ဖြူကောင်များ ဖမ်းဆီးရမိ ဆာလာအိတ်များဖြင့် ထုတ်ပိုးထားသော တရားမဝင် သင်းခွေချပ်နှင့် ဖြူကောင်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.