မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၅၅လမ်း နှင့်၅၄လမ်းကြား နှင်းဆီလမ်းနှင့်မြတ်လေးလမ်းကြား(မနော်ဟရီလမ်းတောင်ဘက်) ဖ-(၁၉)ရပ်ကွက်တွင် ဇူလိုင် ၆ရက် နံနက် ၁၁း၀၅ နာရီခန့်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်ရာသို့ မီးသတ်ကား (၅၀)စီး၊ သန္ဓေမီးသတ် (၁၀၀)ဦး၊ အရံမီးသတ် (၂၀၀)ဦးတို့ လာရောက်မီးငြှိမ်းသတ်ရာ ၁၁း၃၀ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် (၂၈)လုံး၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး ပျက်စီးဆုံးရှုံးကြောင်း သိရသည်။
ကျော်ထူး
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ချမ်းမြသာစည်မြို့နယ် မီးလောင်မှု နေအိမ် (၂၈)လုံး၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး ပျက်စီးဆုံးရှုံး
Reviewed by THITHTOOLWIN
on
16:13
Rating:
