လင်မယားစကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူကို မီးရှို့


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာမှာ ဇူလိုင် (၆)ရက် ညနေ(၆)နာရီခန့်က လင်မယားစကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူကို ဓါတ်ဆီနဲ့ပက်ပြီး မီးရှို့မှုဖြစ်ပွားတယ်လို့ သိရပါတယ်။

 ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းကျေးရွာအုပ်စု ကြံခင်းကျေးရွာနေ (၃၉)နှစ်အရွယ်ရှိ ဇော်ကြီးက (၄၄)နှစ်အရွယ်ရှိ ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ကြပြီး ဇော်ကြီးက သူစီးနင်းတဲ့ဆိုင်ကယ်အတွင်းက ဓါတ်ဆီကို ခွက်နဲ့ထည့်ကာ ဇနီးကိုပက်ပြီး အသင့်ယူလာတဲ့ ဂတ်(စ်)မီးခြစ်နဲ့ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

 အဲဒီမီးလောင်တာကြောင့် ဇနီးဖြစ်သူမှာ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေရရှိတာကြောင့် ညောင်လေးပင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဇနီးကို ဓါတ်ဆီပက်ပြီး မီးရှို့သူ ဇော်ကြီးကို ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ(၃၂၆)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ကိုထွေး(ညောင်လေးပင်) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
လင်မယားစကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူကို မီးရှို့ လင်မယားစကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူကို မီးရှို့ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.