သံလွင် မော်တော်ယာဉ်လိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက်


၂၀၁၇ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်လင်းအားကြီး ၀၀း၁၅ နာရီ အချိန်ခန့်တွင် ၊ ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ၊ မိုင်းဖြတ်မြို့နယ် ၊ ဟိုနားကျေးရွာအနီး မိုင်တိုင်အမှတ် 713Km နှင့် 714 Km အကြား လမ်းအကွေ့တွင် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ယာဉ်မောင်း ဇော်ဇော် မောင်းနှင်လာသည့် သံလွင် မော်တော်ယာဉ်လိုင်း မှ ယာဉ်အမှတ် 8H / 8933 HICEACE (မီးခိုးရောင်) ယာဉ် သည် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး ပေ(၂၀)ခန့်ရှိသော ချောက်အတွင်း သို့ ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း သတင်းရရှိသည်။


ယင်းမော်တော်ယာဉ်တွင် ခရီးသည် (၅)ဦးလိုက်ပါလာသည့် အနက် အောက်ပါ ခရီးသည် (၃)ဦးမှာ ဒါဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်းသိရှိရသည်-
(၁) ဒေါ်ခင်မျိုးသစ် (၅၃)နှစ် (အဘ- ဦးခင်မောင်) ၊ မိုင်းကိုးအုပ်စု ၊ တာချီလိတ်မြို့နယ်
(၂) ဒေါ်လှလှဝင်း (၃၆)နှစ် (အဘ- ဦးစံသိန်း) စိန်ပန်းရပ်ကွက် ၊ တောင်ကြီးမြို့
(၃) မောင်ရှိုင်းမောင်မောင် (၂၂)နှစ် (အဘ -ဦးစိန်တင်) (၁၃/ကလန-နိုင်-၁၂၇၁၃၈)

အဆိုပါ မော်တော်ယာဉ် အား ပြန်လည် ဆယ်တင်ရေးနှင့် ဒဏ်ရာရရှိသူများအား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရေးတို့အတွက် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ဇော်ဇော် (၄၅)နှစ် (အဘ- ဦးကျော်သစ် ) ၁၃/ကတန(နိုင်)၀၀၀၂၄၃ ၊ပအို့ဝ်/ဗုဒ္ဓ ၊ကျောင်းကြီးစုရပ်၊ တောင်ကြီးမြို့ နေသူ အား မိုင်းဖြတ်မြို့မရဲစခန်းမှ ယာဉ် (ပ) ၁၉/၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/၃၃ရ အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(ဓါတ်ပုံ - မိုင်းဖြတ် ထွေ/အုပ်)
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန https://www.facebook.com/TachileikDistrictGAD
သံလွင် မော်တော်ယာဉ်လိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက် သံလွင် မော်တော်ယာဉ်လိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.