ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၇ ဇန်နဝါရီလမှ ဇွန်လအထိ နှစ်ဝက်တာကာလအတွင်းဖြစ်ပွားခဲ့သော အမှုကြီးများ အနက် လူသတ်မှုနှင့် မုဒိမ်းမှုမှာ အများဆုံးဖြစ်ကာ ပဲခူးခရိုင်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှရရှိသည့် မှတ်တမ်းများအရ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၌ (၆)လအတွင်း ပဲခူးခရိုင်တွင် လူသတ်မှု(၂၄)မှု၊ မုဒိန်းမှု(၄၇)မှု၊ တောင်ငူခရိုင်တွင် လူသတ် မှု(၂၃)မှု၊ မုဒိမ်းမှု(၁၄)မှု၊ ပြည်ခရိုင်တွင် လူသတ်မှု(၁၄)မှု၊ မုဒိန်းမှု(၁၀)မှု၊ သာယာဝတီခရိုင်တွင် လူသတ်မှု(၁၉) မှု၊ မုဒိန်းမှု(၉)မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းများကို လေ့လာကြည့်ပါက လူသတ်မှုများသည် အရက်သောက်စားပြီးနောက် ဖြစ်ပွားလေ့ရှိသည်ကိုတွေ့ရပြီး မုဒိမ်းမှုများကို သူစိမ်းမဟုတ်ဘဲ အနေနီးစပ်သည့် ဆွေမျိုးအသိုင်းအဝိုင်းတွင်းမှ နှင့် အိမ်နီးနားချင်းဖြစ်သူများသာ အများဆုံးကျူးလွန်လေ့ရှိကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရုံးအဖွဲ့ မှူး ရဲအုပ် ဝင်းမင်းထွေးက သုံးသပ်သည်။
“မှုခင်းလျော့နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာအာဏာပိုင်တွေက ပညာပေးဟောပြောမှုတွေ ဆောင်ရွက် ပေးသလို လောင်းကစားများ၊ မူးယစ်ဆေးဝါး၊ အရက်ပုန်းဆိုင်များကို ဖမ်းဆီးအရေးယူနေသော်လည်း လူသတ် မှုနဲ့ မုဒိန်းမှုမှာ အများဆုံးဖြစ်ပွားတာ တွေ့နေရပါတယ်။”ဟု ရဲအုပ်ဝင်းမင်းထွေးကပြောသည်။
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် ၂၀၁၇ ဇန်နဝါရီလမှ ဇွန်လအတွင်း လူသတ်မှု(၈၀)မှု၊ မုဒိန်းမှု (၈၀)မှု၊ လု ယက်မှု(၄)မှုနှင့် တိရိစ္ဆာန်ခိုးမှု(၃)မှုတို့ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှု အများဆုံးဖြစ်
Reviewed by THITHTOOLWIN
on
20:53
Rating:
