ရေကြီး၍ အမ်းမြို့နယ်အတွင်းရှိ စစ်တွေ-ရန်ကုန်ကားလမ်း အသွားအလာပြတ်တောက်


နိရဉ္စရာ၊ ဇူလိုင် ၂၃

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ် အကြား စစ်တွေ- ရန်ကုန် ကားလမ်း ပေါ်ရှိ နေရာ ၄ ခုတွင် ရေကျော်ပြီး ရေနစ်မြုပ်မှုများ ဖြစ်နေသဖြင့် စစ်တွေ-ရန်ကုန်ကာလမ်းမှာ သွားလာ၍ မရဘဲ ပြတ်တောက်သွားပြီ ဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ယနေ့ ညနေ ၄ နာရီက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။


ရေနစ်မြုပ်နေသည့် ကားလမ်းပိုင်းများမှာ အမ်းနဲ့ ရွာသာယာအကြား မိုင်တိုင် ၄၇ ဖာလုံ၊ အမ်းမြို့နယ် ရွာသာယာကျေးရွာ အနီး မိုင်တိုင် ၅ မိုင် ၃ ဖာလုံ၊ ကြိမ်ချောင်း ကျေးရွာ မိုင်တိုင် ၁၃ မိုင် ၂ ဖာလုံ၊ မဲလမောင်း ကျေးရွာ ၁၇ မိုင် ၃ ဖာလုံနဲ့ ၄ ဖာလုံအကြားတို့တွင် ရေနစ်မြုပ်ပြီး အသွားအလာ လုံးဝ ပြတ်တောက်သွားပြီဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“ ၁၂ နာရီ မထိုးခင်ထိတော့ ကားကြီးတွေ သွားလို့ ရသေးတယ်။ ၁၂ နာရီ နောက်ပိုင်းမှာ ကားကြီးရော၊ ကားငယ်ရော လုံးဝ သွားလာလို့ မရတော့ပါ။ ဘယ်နေ့ ကားလမ်း ပြန်ပွင့်မယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြ ပြောဆိုသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ဒီရေကြီးချိန်ဖြစ်သဖြင့် ကားလမ်းမည်သည့်နေ့တွင် ဖွင့်မည်ကို မသိရှိနိုင်ကြောင်း သူက ပြောသည်။

(အမ်းမြို့နယ်ဂါယ်လောင်းစံပြကျေးရွာရေကြီးနေ/ ဓာတ်ပုံ- Win Kyaw)

Narinjara
https://www.facebook.com/Narinjara
ရေကြီး၍ အမ်းမြို့နယ်အတွင်းရှိ စစ်တွေ-ရန်ကုန်ကားလမ်း အသွားအလာပြတ်တောက် ရေကြီး၍ အမ်းမြို့နယ်အတွင်းရှိ စစ်တွေ-ရန်ကုန်ကားလမ်း အသွားအလာပြတ်တောက် Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.