အိမ်ရှေ့မြေအက်ကွဲခြင်းနှင့် အိမ်နောက်မြေပြိုမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့


ဖလမ်း ဇူလိုင် ၁၄

ချင်းပြည်နယ် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးတွင် တည်ရှိသော လူနေအိမ်(၇)လုံးသည် အိမ်ရှေ့မြေအက်ကွဲခြင်းနှင့် အိမ်နောက်မြေပြိုမှုကြောင့် ဇူလိုင်လ ၁၄ ရက်နေ့  ယနေ့နံနက်ပိုင်းက အနီးနားရှိ ဆွေမျိုးများအိမ်သို့ ဒေသခံပြည်သူများက ပြောင်းရွှေ့ပေးခဲ့သည်။


“အိမ်ရှေ့မြေသားသည် ဇူလိုင် ၁၃ ရက် ညနေပိုင်းကတည်းက အက်ကွဲခြင်းဖြစ်ပြီး၊ အိမ်နောက်မြေသားလည်း မိုးရွာသွန်းမှုကြောင့် ပြိုကျလာကာ အိမ်များပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း” အိမ်ပြောင်းရွှေ့သူ အိမ်ရှင်မတစ်ဦးကဆိုသည်။


အဆိုပါ မြေအက်ကွဲသည့်နေရာတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးနှင့် ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆွေတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အိမ်နောက်ရှိ မြေပြိုမှုကို ထိန်းသိမ်းနိုင်ရေး မြို့နယ်လမ်းဦးစီးဌာနက မြေထိန်းနံရံပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ဖလမ်း ခရိုင် ပြန်/ဆက်
အိမ်ရှေ့မြေအက်ကွဲခြင်းနှင့် အိမ်နောက်မြေပြိုမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့ အိမ်ရှေ့မြေအက်ကွဲခြင်းနှင့် အိမ်နောက်မြေပြိုမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.