ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ


မော်လိုက် ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် ချင်းတွင်းမြစ်ရေ သည် ဇူလိုင် ၅ ရက် ညနေပိုင်းမှစတင်၍ ယင်းမြို့၏ စိုးရိမ် ရေမှတ် ၁၂၃ဝ စင်တီမီတာအထက်သို့ ကျော်လွန်ရောက်ရှိ ခဲ့ပြီး ယနေ့အချိန်ထိ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် တည်ရှိနေကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မော်လိုက်မြို့ တွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ ရေနစ်မြုပ် လျက်ရှိပြီး ယင်းရေနစ်မြုပ်နေအိမ်များအနက် အိမ်ထောင်စု ၆၇ စု၊ လူဦးရေ အမျိုးသား ၁၅၃ ဦး၊ အမျိုးသမီး ၁၅၄ ဦး စုစုပေါင်း ၃ဝ၇ ဦးအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဖွင့်လှစ် ထားသည့် ရေဘေးရှောင် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပေးထားကြောင်းနှင့် ရေများဆက်လက်မြင့်တက် နေမှုကြောင့် စာသင်ကျောင်း ၁၂ ကျောင်းကိုလည်း ယာယီ ပိတ်ထားရကြောင်း သိရသည်။

မော်လိုက်သားလေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ Reviewed by THITHTOOLWIN on 08:28 Rating: 5
Powered by Blogger.