![]() |
အမေရိကန် နိုင်ငံ ရှိ သေနတ် များ ရောင်းချပေးသည့် ဆိုင်အား တွေ့ရစဉ်(ဆင်ဟွာ) |
အမေရိကန် နိုင်ငံ ရဲတပ်ဖွဲ့က အလာဘားမား ပြည်နယ် တွင် ဇူလိုင်လ ၁၂ ရက်နေ့ က သေနတ် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး ၃ ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း နှင့် ပြစ်မှု ကျူးလွန်သူ ကို ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
အလာဘားမား ပြည်နယ် Gardendale မြို့ ရဲတပ်ဖွဲ့ က လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း အချိန်တွင် Gardendale မြို့၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၃ ဦး ကို တွေ့ရှိခဲ့ကြောင်း ၊ ပြစ်မှု ကျူးလွန်သူ မှာ တိမ်းရှောင် နေပြီး သေဆုံးသူ စာရင်း ကို မထုတ်ပြန်သေးကြောင်း ရေးသား ဖော်ပြခဲ့သည်။
ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ သေဆုံးခဲ့သူ ၃ ဦး တွင် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ဖြစ်ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြစ်မှု ကျူးလွန်သူ သည် အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ၄င်းတွင် လက်နက်ရှိကာ အလွန် အန္တရာယ် ရှိကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်များအရ ကနဦး စစ်ဆေးမှု တွင် သေနတ် ပစ်ခတ်မှု သည် မိသားစု အိမ်တွင်းရေး မှ စတင်ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ အလာဘားမား ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား သဖြင့် ၃ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
17:06
Rating:
