မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော ရူပီး သိန်း ၅၉၈ တန်ဖိုးရှိ ရွှေပြား မီဇိုရမ်တွင် ဖမ်းဆီး


ခိုနူမ်းသုန်သတင်း၊ ၁၃ ဇူလိုင် ၂၀၁၇

အိန္ဒိယပြည်မဘက်သို့ တင်ပို့မည့် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော ရူပီးငွေ သိန်း ၅၉၈ တန်ဖိုးရှိ ရွှေပြား (၂၀) ပြားကို မီဇိုရမ်ပြည်နယ် Melbuk ကျေးရွာတွင် အာဏာပိုင်များက ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မီဇိုရမ်ပြည်နယ် Land Custom Station Zokhawthar နှင့် Champhai Customs တို့ ပူးပေါင်းပြီး ကြိုတင်သတင်းရရှိထားချက် အရ လိုက်လံစစ်ဆေးခဲ့ရာ မီဇိုးလူမျိုးတစ်ဦးဖြစ်သည့် ဇိုးခေါထားကျေးရွာနေ အသက် ၁၉ နှစ်အရွယ် C.Lalpekhlua ထံ ကေဂျီ ၂၀ အလေးချိန်ရှိ ရွှေပြား အချက် (၂၀) ကို ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ရွှေပြားကို သယ်ဆောင်လာသူ C.Lalpekhlua ထွက်ဆိုချက်အရ ကလေးမြို့တွင် နေထိုင်သူတစ်ဦးထံမှ ရူပီး ၃ သောင်း လုပ်အားခဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော လက်နက်၊ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ စသည့်အရာများ မကြာခဏဆိုသလို ဖမ်းဆီးခဲ့ကြပြီး ပြီးခဲ့သည့် နှစ်ကစ ယခုကဲ့သို့ ရွှေပြားများ သယ်ဆောင်ခြင်း ခေတ်စားလာကြောင်း သိရပြီး အများအားဖြင့် အိန္ဒိယပြည်မဘက်သို့ ပြန်လည်ရောင်းချခဲ့ကြကြောင်း သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော ရူပီး သိန်း ၅၉၈ တန်ဖိုးရှိ ရွှေပြား မီဇိုရမ်တွင် ဖမ်းဆီး မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော ရူပီး သိန်း ၅၉၈ တန်ဖိုးရှိ ရွှေပြား မီဇိုရမ်တွင် ဖမ်းဆီး Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.