ဖလမ်း ဇူလိုင် ၁၅
ဖလမ်းမြို့ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဒေါ်အီယန်းကျင်၊ ဒေါ်တလွန်းသင်ဒိမ့်၊ ဦးနှုတ်၊ ဦးထွင်မှုန်းတို့နေအိမ်များမှ မြေသားသည် ဇူလိုင် ၁၄ ရက် ညနေပိုင်းကစပြီး တဖြည်းဖြည်းကျွံကျလာရာ ငါးပေခန့် ကျွံကျသည့်အတွက် ယနေ့နံနက်ပိုင်းမှစပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ က အဆိုပါအိမ်များကို ဝိုင်းဝန်းဖျက်ကာ ရွှေ့ပေးခဲ့သည်။
အဆိုပါအိမ်များတွင် နေထိုင်ကြသော မိသားစုဝင်များသည် ဇူလိုင် ၁၄ ရက်က အိမ်များကျွံကျနိုင်သည့်အခြေအနေကြောင့် နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွှေ့ထားပြီးဖြစ်သည်။
''အိမ်တွေကျွံကျလို့ နေစရာအိမ်မရှိတဲ့အတွက် နီးစပ်ရာဆွေမျိုးတွေအိမ် မှာ ယာယီနေထိုင်နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ မြေကွက်တွေ အမြန်ချ ပေးစေလိုပါတယ်။ အခုလို ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် ပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်''ဟု အိမ်ကျွံကျခဲ့သူတစ်ဦးက ပြောသည်။
အဆိုပါနေရာသို့ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးနှင့် တာဝန်ရှိသူများ ချက်ချင်းရောက်ရှိပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဖလမ်း၌ မြေကျွံကျမှုကြောင့် နေအိမ်လေးလုံး ဖျက်သိမ်းခဲ့ရ
Reviewed by THITHTOOLWIN
on
07:58
Rating:
