မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၈၈×၈၉လမ်းကြား၊ ၂၆လမ်းတွင် ဇူလိုင်လ ၂၅ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်က ၂၆လမ်းအတိုင်း အရှေ့မှ အနောက်သို့ ကျော်ဇောဟိန်း၊ (၁၆)နှစ် (ဘ) ဦးဇော်လင်း၊ စိန်ပန်းရပ်၊ မဟာအောင်မြေမြို့နယ် နေသူ မောင်းနှင်လာသော (4F/6830) ရွှေငါး Mark II အနီရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ၂၆လမ်းအတိုင်း အနောက်မှ အရှေ့သို့ ဗိုလ်အောင်မြင့်မြတ် (ကြည်း ၅၆၈၉၀)၊ (၂၈)နှစ်၊ (ဘ) စုံစမ်းဆဲ၊ ခမရ (၂၁၄) ခြေမြန်တပ်ရင်း မောင်းနှင်လာသော ဟွန်ဒါ စကိုဖီး 110 နီ/နက်ရောင်၊ ၄၀ယ/၆၅၆၉၄ အား ဝင်ရောက်တိုက်မိရာ ဗိုလ်အောင်မြင့်မြတ်တွင် ဝဲ/ယာနားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ အပေါ်နှုတ်ခမ်းကွဲ၊ ဝမ်းဗိုက်ပွန်း၊ လည်ပင်းပွန်း ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့စဉ် သေဆုံးသွားသဖြင့် ဆေးရုံကြီးမှ (PR-04)ဖြင့် လက်ခံထားရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇောဟိန်းအား အရေးယူပေးရန် ၁၁၁၅အချိန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မန္တလေး၊ ယာဉ်မှုစစ်ဌာနမှ ရဲအုပ်ကျော်မန်းမှ အမှတ်(၆)နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ယာဉ်(ပ) ၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ဈေးချိုတော်အနီး ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
21:51
Rating:
