![]() |
နမူနာဓါတ်ပုံသာဖြစ်ပါသည်။ |
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လယ်မကျေးရွာအနီးတွင် နွားလှည်းဖြင့် တိုက်မိ၍ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိသည်။
အဆိုပါ နွားလှည်းတိုက်မှုအား ရေပြာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပေါက်မြို့နယ်၊ လယ်မကျေးရွာနေ ဦးလူပု(၅၉)နှစ်နှင့် တစ်ရွာတည်းနေ ဦးသိုက်အေး(၅၀)နှစ်တို့ စပါးပျိုးနှုတ်ပြီး တောတိုက်မှ ရွာသို့ လှည်းလမ်းအတိုင်း လမ်းလျှောက်ပြန်လာရာ လားရာတူ နောက်မှ တစ်ရွာတည်းနေ ဦးငွေစန်း(၄၀)နှစ်မောင်းနှင်လာသည့် နွားလှည်းက နွားများလန့်ပြီး ပြေးလာသဖြင့် ဦးလူပုမှ တားဆီးပေးစဉ် ဝင်ရောက်တိုက်မိခဲ့၍ ဦးလူပုတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသည်။
နွားလှည်းမောင်းနှင်လာသူ ဦးငွေစန်းအား ရေပြာနယ်မြေရဲစခန်း (ပ)၆၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိသည်။
သစ်ထူးလွင်
လှည်းလမ်းအတိုင်း လမ်းလျှောက်ပြန်လာသူ နွားလှည်းတိုက်မိ၍ သေဆုံး
Reviewed by THITHTOOLWIN
on
20:09
Rating:
