ခါမ်းပါတ် ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပတ်မြို့ ၊ ထင်းဇင်အုပ်စု၊ ကမ္မကြီးကျေးရွာ တွင် ချောင်းကမ်းပါးပြိုကျလျက်ရှိကြောင်း သိရသည်။
ကမ်းပါးပြိုတာတော့ဟုတ်ပါတယ် ပြီးခဲ့တဲ့ရက်တွေက မိုးများပြီး ချောင်းရေတက်လာလို့ပါကျွန်တော်တို့စိုးရိမ်တာက ခုကမ်းပြိုပြီး ရေဦးတိုက်တဲ့နေရာက ကျွန်တော်တို့ ထင်းဇင်တောင်( က ) ကွင်းမှာရှိတဲ့ လယ်မြေဧက ( ၅၄၀ ) ကျော်ကို ရေပေးနေတဲ့ လယ်ရေသွင်း မြောင်းဆီ ဦးတည်နေလို့ပါမနေ့က ကျွန်တော်တို့ သွားကြည့်တော့ လယ်ရေသွင်းမြောင်းဆီရောက်ဖို့ အတောင် လေးဆယ်လောက်ဘဲ ကျန်ပါတော့တယ် နောက်ဆက်တွဲ ရေတွေ မိုးတွေမလာပါစေနဲ့လို့ ဆုတောင်းရမှာဘဲဟုဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင်အဆိုပါချောင်းရေတိုက်စားမှု ကြောင့် တောင်သူနှစ်ဦး၏ ယာမြေနှစ်ဧကခန့် ဆုံးရှုံးသွားပြီဖြစ်ပြီး ကမ်းပြိုကာကွယ်ရေးအတွက်ယာယီရေလွှဲမြောင်း တူးဖော်ပေးစေလိုကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကမ္မကြီးကျေးရွာ ချောင်းကမ်းပါး ပြိုကျနေမှု တောင်သူများစိုးရိမ်
Reviewed by THITHTOOLWIN
on
19:46
Rating:
