ဘိုကလေး၊ ဇူလိုင် ၁၇
ဧရာဝတိုင်းဒေသကြီး ဖျာပုံခရိုင်ရှိ ဘိုကလေးနှင့်သာပေါင်းရွာ ဆက်သွယ်ထားသော ဘိုကလေးတံတားတွင် ဆိုင်ကယ်တိမ်းမှောက်သဖြင့် လူတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဘိုကလေးတံတား၏ သာပေါင်းရွာဘက်ခြမ်းခြေဆင်းတွင် ဇူလိုင်လ ၁၅ရက် ည၉း၃၀အချိန်ခန့်က YAMAHA FZ အမျိုးအစားဆိုင်ကယ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင် လူနှစ်ဦးလိုက်ပါစီးနင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူ ၂၃နှစ်အရွယ်ရှိ မောင်အောင်သူစိုး နေရာတွငိပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်မှထိုင်လိုက်သူ မောင်ဝင်းထွဋ်အောင်မှာ လက်ပွန်းပဲ့ဒဏ်ရာ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာနှင့် ဒူးပွန်းခြစ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်တိမ်းမှောက် လူသေဆုံးမှုနှင့်ပတ်သက်၍ ဘိုကလေးမြို့မရဲစခန်းမှ ယာဉ်(ပ) ၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ က / ၃၃၈ဖြင့် အမှုဖွင့်အရေးယူထာကြောင်း သိရသည်။
ဒီမိုးအောင်/ဧရာဝတီတိုင်းမ်
https://www.facebook.com/ayeyarwaddytimes
ဘိုကလေးတံတားတွင် ဆိုင်ကယ်တိမ်းမှောက်သဖြင့် လူတစ်ဦးပွဲချင်းပြီးသေဆုံး
Reviewed by THITHTOOLWIN
on
14:54
Rating:
