မြို့နယ်အုပ်ချုပ်ရေးမှူး နှုတ်ထွက်ပေးဖို့ ဆန္ဒပြ


မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဒေသခံတောင်သူ ၂ဝဝ ကျော် စုပေါင်းပြီး ဒီကနေ့ မတ္တရာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။


မန္တလေးတိုင်း မတ္တရာမြို့နယ်က သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုနေကြတဲ့ တောင်သူခေါင်းဆောင်တွေကို တောင်သူအစစ်တွေ မဟုတ်ဘဲ ပွဲစားတွေသာဖြစ်တယ်လို့ မြို့နယ်ထွေအုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေ က စွပ်စွဲပြောဆိုလိုက်တဲ့အပေါ် ဒေသခံတောင်သူတွေက မကျေနပ်တဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။


ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျေးရွာ ၉ ရွာက တောင်သူတွေဟာ ဇူလိုင်လ ၆ ရက်နေ့ကစပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးအနီး သပိတ်စခန်းဖွင့် တောင်းဆိုနေတဲ့ တောင်သူတွေ ဖြစ်ကြပါတယ်။

Photo: Hset Paing Toe/RFA
RFA Burmese
https://www.facebook.com/rfaburmese/
မြို့နယ်အုပ်ချုပ်ရေးမှူး နှုတ်ထွက်ပေးဖို့ ဆန္ဒပြ မြို့နယ်အုပ်ချုပ်ရေးမှူး နှုတ်ထွက်ပေးဖို့ ဆန္ဒပြ Reviewed by THITHTOOLWIN on 15:55 Rating: 5
Powered by Blogger.