![]() |
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်နေတာကြောင့် ရေဘေးသင့်ပြည်သူတွေ ကို ပြောင်းရွှေ့ပေးနေတာကို တွေ့ရစဉ်။ ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |
မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေက ဒေသခံတွေဟာ ရေဘေး လွတ်ရာကို ပြောင်းရွှေ့နေရသလို အိမ်ပါဖျက်ပြီး ပြောင်းရွှေ့ခဲ့ရတာတွေလည်းရှိတယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနမှူး ဦးစဝီလီဖရန့်စ်က ပြောပါတယ်။
"ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းတို့ပေါ့နော်၊ ရွှေ့ပြောင်းရတဲ့ ဘေးသင့် အိမ်ထောင်စုက ၆၁၉ အိမ်ထောင်စုပေါ့နော်၊ ဟုမ္မလင်းမှာ ၂၁ အိမ်၊ ဖောင်းပြင်မှာ ၄ အိမ် သူတို့အိမ်ပါ ဖျက်ပြီးတော့ ရွှေ့ရတဲ့ အနေအထားရှိတာပေါ့နော်၊ မြေနုကျွန်းမှာ သူတို့က သွားနေတဲ့သဘော မျိုးဖြစ်တော့ ရေလမ်းကြောင်းကျပြီးတော့ ဖျက်ရွှေ့လိုက်ရတာ"
ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေကို ဖွင့်လှစ်ထားရတာကြောင့် ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ စာသင်ကျောင်း ၃၆ ကျောင်းကို ယာယီပိတ်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
လူဦးရေ ၃ ထောင်ကျော် ရေဘေး ကယ်ဆယ်ရေးစခန်း မှာ ပြောင်းရွှေ့နေရ
Reviewed by THITHTOOLWIN
on
18:50
Rating:
