မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား ခန့်အပ်တာဝန်ပေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁၅/၂၀၁၇ ကို ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်) ​ရက်​စွဲဖြင့်​ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင် တို့ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး၊

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ---

(၁) ဗိုလ်မှူးကြီး လှမျိုးရွှေ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
(၂) ဗိုလ်မှူးကြီး မင်းဦး - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
(၃) ဗိုလ်မှူးကြီး ကျော်ကျော်မင်း - မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့အား

 ယှဉ်တွဲပါ တိုင်းဒေသကြီးအစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်​ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်​မှတ်​​ရေးထိုး ထုတ်​ပြန်​သည်​။

မန်းကိုကို
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ