ယခုနှစ်မိုးရာသီကာလအတွင်း မိုးကြိုးစက်ကွင်းကြောင့် သေဆုံးသူ ၇၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၉ ဦးရှိ


နေပြည်တော် ဇူလိုင် ၂၈

မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးဒဏ်များအပြင် မိုးကြိုးဘေးကြောင့်လည်း သေဆုံးမှု များရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် ယခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၁၆ ရက်အထိ မိုးကြိုးပစ်ခံရ၍ သေဆုံး သူ ၇၄ ဦးနှင့် ဒဏ်ရာရသူ ၁၉ ဦး ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ သိရသည်။

မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးမှု များတွင် လယ်ကွင်းများ၊ အင်း၊ အိုင်၊ ချောင်း၊မြောင်းများနှင့် ကွင်းပြင်များတွင် အလုပ်လုပ်ကိုင်နေကြသည့် ကျေးလက် နေ ပြည်သူများ အများဆုံးဖြစ်ပြီး ဆိုလာဘက်ထရီအသုံးပြုခြင်းနှင့် ဖုန်း အသုံးပြုမှုကြောင့် မိုးကြိုးစက်ကွင်း မိကာ မိုးကြိုးပစ်ခံရခြင်းများကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားလာနေ ကြောင်း သိရသည်။

မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရသူဦးရေမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ငပုတော၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ မြန်အောင်၊ ဖျာပုံ၊ ပန်းတနော်၊ ဝါးခယ်မ၊ ဓနုဖြူ၊ အိမ်မဲ၊ ဘိုကလေးနှင့် ကြံခင်းမြို့နယ်များမှ မိုးကြိုးပစ်ခတ်ခံရမှုနှင့် လျှပ်စစ်စက်ကွင်း ကြောင့် သေဆုံးသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦးနှင့် လျှပ်စစ်စက်ကွင်းမိ၍ ဒဏ်ရာရရှိသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခုနစ်ဦးရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကြိုးပစ်ခံ ရမှုကြောင့် သေဆုံးဒဏ်ရာရသူဦးရေ မှာ အများဆုံးဖြစ်သည်။

မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရသူဦးရေမှာ ပြည်ထောင်စု နယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် တွင် အမျိုးသားတစ်ဦးမှာ နွားများ သိမ်းနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံး ခဲ့သည်။ ကချင်ပြည်နယ်ရှိ ရွှေကူနှင့် ဖားကန့်မြို့တွင် အမျိုးသားနှစ်ဦး သေဆုံး ခဲ့သည်။ ကယားပြည်နယ် လွိုင်ကော်မြို့ မှ အမျိုးသမီးတစ်ဦး သေဆုံးကာ၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး မှာ မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိခဲ့ သည်။ ကရင်ပြည်နယ် ဘားအံမြို့နယ် နှင့်သံတောင်ကြီး မြို့နယ်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ တနင်္သာရီတိုင်းဒေသ ကြီး ကျွန်းစုမြို့နယ် တနင်္သာရီမြို့နယ် မြိတ်နှင့် လောင်းလုံးမြို့နယ်မှ အမျိုးသား လေးဦးနှင့် အမျိုးသမီးသုံးဦးစုစုပေါင်း ခုနစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်းငါးဦးမှာ မိုးကြိုးစက်ကွင်းကြောင့် ဒဏ်ရာရရှိခဲ့ သည်။

ပဲခူးတိုင်းဒေသကြီး၌ မိုးကြိုးပစ်ခံ ရမှုကြောင့် သေဆုံးဒဏ်ရာရသူဦးရေ မှာ ကျောက်တံခါး၊ ကျောက်ကြီး၊ အုတ်တွင်း၊ မင်းလှ၊ ပဲခူး၊ ကဝ၊ ဝေါ၊ ဒိုက်ဦးနှင့် သနပ်ပင်မြို့နယ်များမှ အမျိုး သား ၁ဝဦးနှင့် အမျိုးသမီးတစ်ဦးစုစုပေါင်း ၁၁ ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မ္တလေးတိုင်းဒေသ ကြီးတွင် ပုသိမ်ကြီး၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်းနှင့် နွားထိုးကြီးမြို့နယ် များမှ အမျိုးသားလေးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့ သည်။

မကွေးတိုင်းဒေသကြီးတွင် မိုးကြိုး ပစ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသူ ဦးရေမှာ ဆော၊ ဂန့်ဂေါ၊ ပေါက်နှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မွန်ပြည်နယ်တွင် မုဒုံ မြို့နယ်နှင့်ကျိုက်ထိုမြို့နယ်မှ အမျိုးသား နှစ်ဦးသေဆုံးခဲ့သည်။ ရခိုင်ပြည်နယ် တွင် မြောက်ဦး၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များမှ အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မိုးကြိုး ပစ်ခံရမှုကြောင့် ဒလ၊ သုံးခွ၊ ကျောက်တန်းနှင့်ထန်းတပင်မြို့နယ်များ မှ အမျိုးသားငါးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးကာ အမျိုး သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ရှမ်း ပြည်နယ်တွင် နောင်ချို၊ အောင်ပန်း၊ တောင်ကြီးနှင့် ကွန်ဟိန်းမြို့နယ်များမှ အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့သည်။
မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ သေဆုံးသူတစ်ဦး လျှင်ငွေ$ကျပ်သုံးသိန်းနှင့် ဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေ$ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ မိုးကြိုးစက်ကွင်း ကြောင့် သေဆုံးသူ ၇၄ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၉ ဦးတို့အား စုစုပေါင်းငွေကျပ် ၂၃၁၅ဝဝဝဝ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်း-ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ-သီဟစည်သူ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ယခုနှစ်မိုးရာသီကာလအတွင်း မိုးကြိုးစက်ကွင်းကြောင့် သေဆုံးသူ ၇၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၉ ဦးရှိ ယခုနှစ်မိုးရာသီကာလအတွင်း မိုးကြိုးစက်ကွင်းကြောင့် သေဆုံးသူ ၇၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၉ ဦးရှိ Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.