![]() |
ဖမ်းဆီးခံထားရတဲ့ သတင်းထောက် (၃) ဦး။ ဓာတ်ပုံ- လ၀ီဝမ်ဖေ့ဘုပ် |
မူလက ရုံးထုတ်စစ်ဆေးဖို့ စီစဉ်ထားတဲ့ နမ့်ဆန်မြို့မှာ သွားရောက်ရုံးထုတ်ဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခက်အခဲတွေ ရှိနေတာကြောင့် ရုံးပြောင်းစစ်ဆေးပေးဖို့ ကျောက်မဲခရိုင်တရားရုံးကို လျှောက်ထားခဲ့ရာမှာ သီပေါမြို့နယ် တရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးဖို့ ဇူလိုင်လ ၁၂ ရက်နေ့က အမိန့်ချမှတ်လိုက်တာလို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဖြစ်တဲ့ ဒေါ်ခင်မိမိက ဘီဘီစီကို ပြောပါတယ်။
ဧရာဝတီ သတင်းဌာနက ဦးသိန်းဇော် ( ခ) လ၀ီဝမ် ၊ ဒီဗီဘီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင် ၊ ဦးပြည့်ဘုန်းနိုင်တို့ဟာ ဇွန်လ ၂၆ ရက်နေ့က TNLA အဖွဲ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှု အခမ်းအနားကို သတင်းယူပြီးအပြန် နမ့်ဆန် - သီပေါကားလမ်းပေါ်မှာ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ သတင်းထောက်တွေကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားပြီး သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံ သတင်းထောက်တွေ တရားရုံးပြောင်းစစ်ဆေးမယ်
Reviewed by THITHTOOLWIN
on
17:43
Rating:
