သမီးဖြစ်သူအား ရည်စားစကားပြောသည့်ကိစ္စ စကားများခဲ့ရာ မကျေနပ်၍ မိခင်ကိုဓားဖြင့်ထိုးရာ မိခင်သေဆုံး


တိုက်ကြီး ဇူလိုင် ၂ဝ

ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းတွင် ဇူလိုင်လ ၂၀ ရက်နေ့ ယနေ့နံနက် ၆ နာရီက ဓားထိုးမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေ ဆုံးသွားကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ သိရသည်။

အမှုမှာ တရားလိုဖြစ်သူ ဦးခင်ဝင်း (၆၉ နှစ်)ဒုအရာခံဗိုလ် (ငြိမ်း) ပြည်တော်သာ (၇) လမ်း ရှမ်းစုရပ်ကွက် တိုက်ကြီးမြို့နယ် နေထိုင်သူသည်နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ ဒေါ်ချိုပြုံး (၅၈နှစ်)က ကျောင်းဈေးသွားရောင်းရန်အတွက် နေအိမ်ဝင်းတံခါးကို ဖွင့်မည်ပြုစဉ် အိမ်နီးချင်းဖြစ်သူ ဟန်ဝင်းဇော်က နေအိမ်ဝင်းတံခါးကို ခြေထောက် ဖြင့်ကန်ပြီး ဝင်လာခဲ့သည်။

 ယခင်က တရားလိုဦးခင်ဝင်း၏သမီးဖြစ်သူ အား ရည်းစားစကားပြောသည့် ကိစ္စကို စကားများခဲ့သဖြင့် မကျေနပ် ဖြစ်ကာ အရိုးအသွား ကိုးလက်မ ခန့်ရှိ အဝါရောင်ကြက်သွန်လှီးဓား ဖြင့် ဇနီးဖြစ်သူ ဒေါ်ချိုပြုံးအား ထိုးရာ ဝဲဘက်လက်မောင်းတွင် အလျားလေးလက်မအနက် အရိုး အထိ ဒဏ်ရာရရှိခဲ့သည်။

ဒေါ်ချိုပြုံးအား တိုက်ကြီး ဆေးရုံသို့တင်ပို့ကုသစဉ် ယနေ့နံနက် ၆ နာရီခွဲတွင် သေဆုံးသွားသဖြင့် ဒေါ်ချိုပြုံးအား သေဆုံးအောင် ဓားဖြင့် ထိုးသူ ဟန်ဝင်းဇော်(၅၁နှစ်) လိပ်စာတူနေသူအား ဥပဒေအရ အရေးယူပေးပါရန် တရားလို ဦးခင်ဝင်းက တိုက်ကြီးမြို့မရဲစခန်းသို့ တိုင်ကြားရာ ရဲစခန်းက (ပ)၃ဝ၃/ ၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net
သမီးဖြစ်သူအား ရည်စားစကားပြောသည့်ကိစ္စ စကားများခဲ့ရာ မကျေနပ်၍ မိခင်ကိုဓားဖြင့်ထိုးရာ မိခင်သေဆုံး သမီးဖြစ်သူအား ရည်စားစကားပြောသည့်ကိစ္စ စကားများခဲ့ရာ မကျေနပ်၍ မိခင်ကိုဓားဖြင့်ထိုးရာ မိခင်သေဆုံး Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.