မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ
ရန်ကုန် ဇူလိုင် ၉

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

မစ္စယန်ဟီလီ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့ ဆဋ္ဌမအကြိမ် လာရောက် ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း(လားရှိုးမြို့)၊ ရခိုင်ပြည်နယ် ရှိ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.