ဆိုမာလီယာ နိုင်ငံ မြို့တော် ရှိ စစ်ဆေးရေး ဂိတ် တစ်ခု ကားဗုံးဖြင့် တိုက်ခိုက်ခံရ ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရရှိ

ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး ရှိ ရဲစခန်း တစ်ခုအား ဇွန်လ ၂၂ ရက်နေ့က ဗုံးတိုက်ခိုက်မှု ခံရစဉ်(ဆင်ဟွာ)
    နိုင်ရိုဘီ ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

    ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး တောင်ပိုင်း ရှိ စစ်ဆေးရေး ဂိတ် တစ်ခု သည် ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းအချိန်၌ ကားဗုံးဖြင့် တိုက်ခိုက်မှု ခံခဲ့ရပြီး လူ ၃ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မိုဂါဒစ်ရှူးမြို့ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားခဲ့ရာ၌ ပေါက်ကွဲစေနိုင်သော ပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စင်းသည် ညပိုင်းအချိန်တွင် စစ်ဆေးရေး ဂိတ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ကားဗုံးဖြင့် တိုက်ခိုက်မှု ကို မည်သည့် အဖွဲ့အစည်း မှ တိုက်ခိုက်ခဲ့သည် ဟု ကြေညာခြင်း မရှိသေးကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆိုမာလီယာ နိုင်ငံ မြို့တော် ရှိ စစ်ဆေးရေး ဂိတ် တစ်ခု ကားဗုံးဖြင့် တိုက်ခိုက်ခံရ ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရရှိ ဆိုမာလီယာ နိုင်ငံ မြို့တော် ရှိ စစ်ဆေးရေး ဂိတ် တစ်ခု ကားဗုံးဖြင့် တိုက်ခိုက်ခံရ ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 15:49 Rating: 5
Powered by Blogger.