ထိုင်းအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ အမေရိကန်ပြည်ထောင်စုက ပြန်ပို့လိုက်တဲ့ နံမည်ကျော် ထိုင်း ဘုန်းကြီးဟောင်း Wirapol Sukphol ဝီရပို ဆွတ်ဖိုး ကို ဗုဒ္ဓဟူးနေ့ညနေက ဘန်ကောက်လေဆိပ် ပြန်အရောက်မှာ သက်ဆိုင်ရာက စောင့်ဆိုင်းဖမ်းဆီးပြီး သက်ငယ်မုဒိမ်းမှုနဲ့ မနေ့က စွဲချက်တင်လိုက်ပါတယ်။
ဒီစွဲဆိုချက်ဟာ ထောင်ဒဏ်အနှစ် ၂ဝ အထိ ချမှတ်နိုင်ပါတယ်။ သူမုဒိမ်းကျင့်ခဲ့တဲ့ မိန်းကလေးဟာ အဲဒီအချိန်က အသက် ၁၄ နှစ်ပဲရှိသေးပြီး သူနဲ့ ကလေးတယောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်ဟောင်း ဝီရပိုဟာ အခုအသက် ၃၇ နှစ် ရှိပါပြီ။ သံဃာ့ကျင့်ဝတ်ချိုးဖေါက်မှုတွေအတွက် သက်ဆိုင်ရာကျောင်းတိုက်က သူ့ကို လူဝတ်လဲစေပြီးနောက်မှာ အမှုတွေကို ရင်မဆိုင်ပဲ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးပြီး ကယ်လ်ဖေါနီးယားပြည်နယ်က ဘုန်းကြီးကျောင်းတခုမှာ နေထိုင်ခဲ့ပါတယ်။
ဝီရပိုဟာ ထိုင်းမှာ သံဃာတပါးဖြစ်ခဲ့စဉ်က အမေရိကန် ဒေါ်လာ ၃ သန်းနီးပါးတန်ဖိုးရှိတဲ့ မာစီးဒီးကား ၂၂ စင်းကိုဝယ်ယူခဲ့ကြောင်း၊ ဘဏ်စာရင်းတွေအရ ဒေါ်လာငွေ ၃၂ သန်းအထိ ပိုင်ဆိုင်ခဲ့ဖူးကြောင်း ထိုင်း အထူးစုံစမ်းရေးအဖွဲ့ကပြောပါတယ်။ သူ့ကို အခု သက်ငယ်မုဒိမ်းမှုအပြင် ငွေမဲခဝါချမှု၊ လိမ်လည်မှုတွေနဲ့ပါ စွဲဆိုထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဝီရပိုကို သက်ငယ်မုဒိမ်းမှုနဲ့ ထိုင်းမှာ စွဲချက်တင်
Reviewed by THITHTOOLWIN
on
08:20
Rating:
