သမီးဖြစ်သူကို လည်ပင်လှီးသတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်၍ မိခင်ဖြစ်သူ အပြင်ထန်းဒဏ်ရာရရှိမှုမှ မသင်္ကာသူ အမျိုးသား နှစ်ဦးကို စစ်ဆေးနေ


မော်လမြိုင်၊ ဇူလိုင် ၁၈

မော်လမြိုင်မြို့နယ်၊ ကျွဲခြံကုန်းကျေးရွာ မော်လမြိုင်-ဇာသပြင်ကားလမ်းဘေးရှိ နေအိမ်၌ ဇူလိုင်လ ၁၈ ရက် ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် လည်ပင်းလှီသတ်သည့် ဖြစ်စဉ်၌ မသင်္ကာသူများကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းလျက်ရှိကြောင်း မှုခင်းနှိမ်နင်းရေးအကူရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ကတော့ အခင်းဖြစ်နေရာမှာ ကျန်ရှိတဲ့ သဲလွန်စတွေအရ မသင်္ကာသူ အမျိုးသား နှစ်ဦးကို စစ်ဆေးမေးမြန်းနေပါတယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံမှာအရေးပေါ်ခွဲစိတ်ကုသမှုခံယူနေတဲ့ ဒေါ်ဇော်မီလာကတော့ အခုချိန်ထိ သတိမရသေးတော့ တိတိကျကျမေးမြန်းလို့ မရသေးပါဘူး၊ ပြစ်မှုကျူးလွန်သူဖမ်းဆီးရမိဖို့အတွက် နယ်မြေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးနေပါတယ်”ဟု မှုခင်းနှိမ်နင်းရေးအကူရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ပိုင်ရှင် ဒေါ်ဇော်မီလာ(ခ) ဇွန်မီလာဘီ၏ နေအိမ်ဧည့်ခန်းတွင် သမီးဖြစ်သူ အသက် ၁၄ နှစ်၊ မဇင်မာစိုးသည် လည်ပင်းပြတ်ရှဒဏ်ရာ၊ ညာလက်နားထင်ထိုးထွင်းဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ဇော်မီလာတွင် ဘယ်ဘက်နားထင်ပေါက်ပြဲထိုးထွင်းဒဏ်ရာ ငါးချက်၊ ဘယ်ဘက်ဂျိုးစောင်းပြတ်ရှဒဏ်ရာ လေးချက်၊ ဦးခေါင်းထိပ် ပြတ်ရှဒဏ်ရာ သုံးချက်၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ နှစ်ချက်နှင့် ညာဘက်ညှပ်ရိုးညိုမဲဒဏ်ရာများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှုခင်းမှတ်တွင် ဖော်ပြထားသည်။

ဓားဖြင့် လည်ပင်းလှီ သတ်ဖြတ်ခံရသူ မဇင်မာစိုးနှင့် မိခင်ဖြစ်သူ ဒေါ်ဇော်မီလာကို အပြင်းထန်ဒဏ်ရာများရရှိအောင်ပြုလုပ်ခဲ့သူကို မြိုင်သာယာနယ်မြေရဲစခန်းမှ (ပ) ၁၅၄/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂/ ၃၉၄ အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းနယ်မြေရဲစခန်းမှူး ရဲအုပ်တင်ထွန်းဦးက ပြောဆိုသည်။

သတင်း၊ ဓာတ်ပုံ- ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
သမီးဖြစ်သူကို လည်ပင်လှီးသတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်၍ မိခင်ဖြစ်သူ အပြင်ထန်းဒဏ်ရာရရှိမှုမှ မသင်္ကာသူ အမျိုးသား နှစ်ဦးကို စစ်ဆေးနေ သမီးဖြစ်သူကို လည်ပင်လှီးသတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်၍ မိခင်ဖြစ်သူ အပြင်ထန်းဒဏ်ရာရရှိမှုမှ မသင်္ကာသူ အမျိုးသား နှစ်ဦးကို စစ်ဆေးနေ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.