အမြန်လမ်းတွင် ယာဉ်ငယ်တစ်စီး တိမ်းမှောက်


နေပြည်တော်၊ ဇူလိုင် ၂၀။

ယနေ့ဇူလိုင်လ ၂၀ ရက် ညနေ ၄း၃၀ခန့်က အမြန်လမ်း မိုင်တိုင်အမှတ်၊ ၂၈၂- ၁ နှင့် ၂၈၂-၂ အကြားတွင် နေပြည်တော်မှ မန္တလေးဘက်သို့မောင်းနှင်လာသော TOYOTA XILUX VIGO အနက်ရောင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သီးကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက AHN သို့ပြောသည်။

ယာဉ်ပေါ်တွင် အမျိုးသား ၅ ဦးလိုက်ပါလာပြီး ယာဉ်မောင်းအပါအ၀င် သုံးဦးမှာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း၊ ယဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းကိုကာရံထားသည့် GUARD RAIL တန်း ၆ အားတိုက်မိပြီးတစ်ပတ်လည်တိမ်းမှောက်ကာ ဆန့် ကျင်ဘက်ယာဉ်ကြော (မန္တလေး မှနေပြည်တော်သွားသောလမ်း) မြေသားပေါ်သို့ရောက်ရှိသွားခဲ့ကြောင်း၊ ယာဉ်ပျက်စီးမှုတန်ဖိုးမှာ ကျပ် နှစ်သိန်းခန့်ရှိကြောင်း၊ မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို ပ/၂၃/၂၀၁၇၊ ၃၃၇/ ၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်း ၄င်းကပြောသည်။

ကျော်သူဝင်း ( AHN – TG)

PHOTO - AHN
The Asia Heart News
အမြန်လမ်းတွင် ယာဉ်ငယ်တစ်စီး တိမ်းမှောက် အမြန်လမ်းတွင် ယာဉ်ငယ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.