အမြန်လမ်းမကြီး၌ ရွှေလွန်းပျံခရီးသည်တင်ယာဉ် လမ်းလယ်ကတ်တုံးကို ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ
ကျောက်တံခါး ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း အပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ဇူလိုင်၅ရက်နံနက် ၅နာရီက ရွှေလွန်းပျံခရီးသည်တင်ယာဉ်သည် လမ်းလယ်ကတ်တုံးကို ဝင်ရောက်တိုက် မိကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားကြောင်း သိရသည်။
နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ခင်မောင်ဌေး(၄၈)နှစ် အောင်ချမ်းသာရပ်ကွက် အောင်ပန်းမြို့နေသူမောင်းနှင်လာသော ရွှေလွန်း ပျံခရီးသည်တင်ယာဉ်သည် ရှေ့မှယာဉ်တစ်စီးအား ကျော်တက်စဉ် လမ်းလယ် ကတ်တုံးကို ဝင်ရောက်တိုက်မိ၍ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိခဲ့ရာ ယာဉ်ပေါ်ပါယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ ခရီးသည်အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ကိုးဦးတို့မှာထိခိုက်ဒဏ်ရာမရရှိသော်လည်း ယာဉ်မှာ ရှေ့ဝဲဘက်ဘီး ပျက်စီးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ခင်မောင်ဌေးအား အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အမြန်လမ်းမကြီး၌ ရွှေလွန်းပျံခရီးသည်တင်ယာဉ် လမ်းလယ်ကတ်တုံးကို ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ
Reviewed by THITHTOOLWIN
on
16:39
Rating:
