ဘားအံနဲ့ မန္တလေးက မဘသဆိုင်း ဘုတ်တွေကိစ္စ ညှိနှိုင်းသွားမည်

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ဇူလိုင်လ ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး တွင် တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆိုင်းဘုတ်တွေကို အတင်းဖြုတ်ချလိုက်ရင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်မှာမလိုလားတဲ့ အတွက် ကာယကံရှင်တွေကိုယ်တိုင်ဖြုတ်ပေးဖို့ ညှိနှိုင်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင် ကိုက သတင်းထောက်တွေကိုပြောတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက မဘသဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထားဖြုတ်ချဖို့ ၀န်ကြီးဌာန က ကြေညာထားပေမယ့် မန္တလေးနဲ့ ဘားအံမြို့တို့မှာ ဖြုတ်ချမှု မရှိသေးဘူးလို့လည်း ၀န်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒါ့အပြင် မဘသအဖွဲ့ကနေ ဆင့်ပွားထားတဲ့ အဖွဲ့တွေ ဆက်လက်ဖွဲ့စည်းထားမယ်ဆိုရင်လည်း ရဟန်းဥပဒေ၊ တည်ဆဲဥပဒေတွေအရ တရားဝင်အဖွဲ့တွေဖြစ် လာမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်က ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံသံဃညီလာခံက ချမှတ်ထားတဲ့ ရွှေကျင်၊ မိုးကုတ်၊ လယ်တီစတဲ့ ဂိုဏ်းကြီးကိုးဂိုဏ်းကိုသာ သံဃာ့အဖွဲ့ အစည်းအဖြစ် တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် သာသနာတော်သန့်ရှင်းရေးကိုလည်း နိုင်ငံအတွက်လိုအပ်တဲ့အချိန်မှာ လုပ်ဆောင်သွားမယ် လို့ သူရဦးအောင်ကိုက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘားအံနဲ့ မန္တလေးက မဘသဆိုင်း ဘုတ်တွေကိစ္စ ညှိနှိုင်းသွားမည် ဘားအံနဲ့ မန္တလေးက မဘသဆိုင်း ဘုတ်တွေကိစ္စ ညှိနှိုင်းသွားမည် Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.