တာလေ-ကျိုင်းလပ် လမ်းပေါ်ရှိ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး

ကျိုင်းလပ်မြို့ ၊ ၀မ်လန်းကျေးရွာအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၁၅)ပေအရှည်ရှိ ကွန်ကရစ်တံတား ရေတိုက်စားမှု ဖြစ်ပွား
တာချီလိတ် ဇူလိုင် ၉

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ၀မ်လန်းကျေးရွာအနီး၌ ယနေ့ ဇူလိုင်လ ၉ ရက် ၊ နံနက် ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် ရေကြီးရေလျှုံမူ ဖြစ်ပွားကာ တာလေ-ကျိုင်းလပ် လမ်း မိုင်တိုင်အမှတ် (၃၄-၃၅) ကီလိုမီတာကြားရှိ တံတားအမှတ် (၁/၂၂) အရှည် ၁၅ ပေ ၊ အကျယ် ၂၂ ပေ ကွန်ကရစ်တံတားသည် ရေတိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ရေတိုက်စားမှုကြောင့် ကွန်ကရစ်တံတား ထိပ်နှစ်ဖက်ရှိ ချဉ်းကပ်ခုံများ ရေတိုက်စားမျော ပါသွားခဲ့ရာ ချဉ်းကပ်ခုံများအား ပြန်လည်ပြုပြင်ရန်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများ ၊ မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမာကု နှင့်တာဝန်ရှိသူများက လမ်းပြန်လည် သွားလာအသုံးပြုနိုင်ရေး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်၊

တာချီလိတ် ခရိုင်ပြန်/ဆက်

တာလေ-ကျိုင်းလပ် လမ်းပေါ်ရှိ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး တာလေ-ကျိုင်းလပ် လမ်းပေါ်ရှိ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.