မောင်တောမြို့နယ်၌ အုတ်ခဲဖြင့် ထုရိုက်သတ်မှုဖြစ်ပွား


နေပြည်တော် ဇူလိုင် ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုဝဲမြို့၌ ဇူလိုင် ၁၇ ရက် ညပိုင်းက လင်မယားချင်း စကား များ ရန်ဖြစ်စဉ် ချောင်းကြည့်သူအား အုတ်ခဲဖြင့် ထုရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ပြိုဝဲမြို့နေ နေဝူဟာရ်အူနန် သည် ည ၁၁ နာရီခန့်တွင် နေအိမ်၌ လင်မယားချင်း စကားများရန်ဖြစ်စဉ် လာရောက်ချောင်းကြည့်သူ တစ်ရွာတည်းနေ မာမတ်ဖိုင်ဆဲလ်၏ ဝဲရင်ဘတ်အား အုတ်ခဲဖြင့် ထုရိုက်ခဲ့သဖြင့် သေဆုံးသွားခဲ့ရာ နေဝူ ဟာရ်အူနန်(ဖမ်းမမိ)အား စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မောင်တောမြို့နယ်၌ အုတ်ခဲဖြင့် ထုရိုက်သတ်မှုဖြစ်ပွား မောင်တောမြို့နယ်၌ အုတ်ခဲဖြင့် ထုရိုက်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.