ထားဝယ်တွင် လက်ပစ်ဗုံးဟု ယူဆရသည့်အရာဖြင့် ခြိမ်းခြောက်မှုဖြစ်ပွား


ထားဝယ်၊ ဇူလိုင် ၂၆

ထားဝယ်မြို့တွင် လက်ပစ်ဗုံးသဏ္ဍာန်ရှိသည့် ဗုံးဟု ယူဆရသောအရာကို ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက မြန်မာဘီယာ ကုမ္ပဏီ၏ အရောင်းဝန်ထမ်း အမျိုးသမီးများကို တင်ဆောင်ထားသည့် ကားကို ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ကြောင်း ခြိမ်းခြောက်ခံရသည့် ကာယကံရှင်များနှင့် မျက်မြင်များထံမှ သိရသည်။

ဇူလိုင်လ ၂၆ ရက် ည ၉ နာရီခွဲခန့်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းအနီးတွင် ဖြစ်ပွားခဲ့ကာ နောက်ဆုံးရရှိသည့် သတင်းအရ ဗုံးဟုယူဆရသည့်အရာဖြင့် ခြိမ်းခြောက် သူအမျိုးသားနှစ်ဦးကို ထားဝယ်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Dawei Watch
https://www.facebook.com/DaweiWatch/
ထားဝယ်တွင် လက်ပစ်ဗုံးဟု ယူဆရသည့်အရာဖြင့် ခြိမ်းခြောက်မှုဖြစ်ပွား ထားဝယ်တွင် လက်ပစ်ဗုံးဟု ယူဆရသည့်အရာဖြင့် ခြိမ်းခြောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.