ဘုရားဆင်းတုတော်ခိုးယူသွားသူအား နှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး


ဖြူး ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ်မြို့မရဲစခန်းအပိုင်တွင် ဇူလိုင်လ ၂၃ ရက်က နေအိမ်ရှိဘုရားစင်ပေါ် တွင် ကိုးကွယ်ထားသော ကြေး ဆင်းတုတော်အားဦးလေးဖြစ်သူက ခိုးယူသွားသဖြင့် တိုင်ကြားမှုဖြစ် ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက်က ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာ ထန်းတောစုနေ ဦးရမ်းဒူးလား(ခ) စိုးနိုင်(၅ဝနှစ်)သည် နေအိမ်၌ ရှိနေ စဉ် ဦးလေးတော်စပ်သူ ဦးဘီပဆာ (ခ)မောင်လွင်(၄၃ နှစ်) တောင် တောစုကျေးရွာ ကျားသောင်ကျေး ရွာအုပ်စုနေသူသည် မွန်းလွဲ ၁နာရီ ခန့်တွင် နေအိမ်သို့ရောက်ရှိလာကာ ခဏအနားယူလိုချင်သည်ဟုပြောခဲ့ သဖြင့် နားခွင့်ပြုခဲ့သည်။

 စိုးနိုင် သည် ကလေးအတွက် မုန့်ထွက် ဝယ်ခဲ့ရာနေအိမ်သို့ပြန်လာစဉ် ဦး လေးဖြစ်သူအား မတွေ့ရှိရဘဲ ပြန် သွားခဲ့သဖြင့် နေအိမ်ပေါ်သို့တက် ရောက်ကြည့်ရှုစဉ် နေအိမ်ဘုရား စင်ပေါ်တွင် သံဆန်ခါကာရံပြီး သော့ခတ်ကာကိုးကွယ်ထားသော ဉာဏ်တော် တစ်ပေခန့်အချင်း ၁ဝ လက်မခန့်ရှိ ပခုံးတော်နှင့်ဦးခေါင်း တော်သာပါရှိသော အလေးချိန်ငါး ပိဿာခန့်ရှိ ခန့်မှန်းကာလတန်ဖိုး ငါးသိန်းကျပ်ခန့်ရှိသောကြေးဆင်း တုတော်မှာပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဦးလေးဖြစ်သူအား ရှာဖွေစုံစမ်းရာ မတွေ့ရှိခဲ့သဖြင့် ယခုလ ၂၃ ရက်တွင် ဖြူးမြို့မ ရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ ရာ စခန်းမှူးကဒုရဲမှူးမောင်မောင် ဝင်းအားအနီးကပ်ကြီးကြပ်ညွှန်ကြား မှုဖြင့်စခန်းရှိ ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာဖြူးမြို့နယ်ကျား သောင်ရွာ မီထ္ထီလာစုတွင် မောင် လွင်အားဖမ်းဆီးရမိခဲ့သည်။

သက် သေခံကြေးဆင်းတုတော်ကို ၄င်း၏ နေအိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီးဆင်းတု တော်အားထုပ်ပိုးလာသည့်ARE- NA တံဆိပ်ပါ ရှပ်အင်္ကျီတစ်ထည် Giorenzo တံဆိပ်ပါလက်ဆွဲအိတ် တစ်လုံးတို့အား သက်သေများရှေ့ တွင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင် လွင်အား ဖြူးမြို့မရဲစခန်းမှဖမ်း ဆီးစစ်ဆေးကာ (ပ)၂၉၄/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၂၉၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/uniondaily.net/
ဘုရားဆင်းတုတော်ခိုးယူသွားသူအား နှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး ဘုရားဆင်းတုတော်ခိုးယူသွားသူအား နှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.