ရခိုင်နှင့်ရှမ်း လ၀က ပြည်နယ်မှူးများ အပြောင်းအလဲ လုပ်


နိရဉ္စရာ၊ ဇူလိုင် ၁၆

ရခိုင်နှင့် ရှမ်းပြည်နယ် လ၀ကမှုးများကို နေရာ အပြောင်းအရွှေ့ လုပ်လိုက်သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် လ၀ကမှူး ဦးဝင်းလွှင်အား ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့လိုက်ပြီး ရှမ်းပြည်နယ် လ၀ကမှူး ဦးအောင်မင်းအား ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

ယခင် ရခိုင်ပြည်နယ် လ၀ကမှူး ဦးဝင်းလွှင်အား ဘူးသီးတောင်နှင့် မောင်တော ဒေသမှ ဘင်္ဂလီလူမျိုး ၃၁ ဦးအား နိုင်ငံသား ကတ်ထုတ်ပေးရာတွင် ၁၉၈၂ ခု မြန်မာနိုင် ငံသားဥပဒေ ပုဒ်မ ၇(က)ကိုချိုးဖေါက်ပြီ နိုငံသား မိဘနှစ်ပါး မဟုတ်သော ဘူးသီးတောင်မြို့နယ် မူဟာမတ် အဏ္ဏဝါနှင့်လော်တီဖါဂျာဟန်တို့၏ သမီးဘင်္ဂလီအမျိုးသမီး မြနန္ဒာ ခင်အား ၁၁/ဘသတ (နိုင်)၀၄၈၁၅၇ ကို ၃/၂/၂၀၁၆ နေ့ ထုတ်ပေးခဲ့ရာ ၎င်းထုတ်ပေးမှုမှာ နိုင်ငံသား ဖြစ်မှု ဥပဒေနှင့် ညီညွှတ်မှု မရှိဟု ဆိုကာ စစ်တွေမြို့နယ် ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးအောင်သန်းဝေက တရားစွဲဆိုခဲ့သည်။

“ သူ့ကို ကျွန်တော်တို့ တရားစွဲဆိုတာက ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ဖြစ်ပါတယ်။ အမှုအမှတ်က ၁၆/၇၇/ ၂၀၁၆ ဖြစ်ပါတယ်။ တရားစွဲဆိုပြီး ၁၀ လနဲ့ ၁၂ ရက်အကြာ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပွဲမှာ မေးမြန်းတော့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ဒီအမှုကို ပိတ်သိမ်းလိုက်တယ်လို့ ပြောပါတယ်” ဟု တရားစွဲဆိုခဲ့သူ ဦးအောင်သန်းဝေက ပြောသည်။

သို့သော်လည်း ရခိုင်ပြည်နယ် ဥပဒေချုပ်က မည်သည့် အတွက်ကြောင့် ၎င်းအမှုကို ရုပ်သိမ်းရကြောင်း ရှင်းပြ ပြောဆိုခဲ့ခြင်း မရှိကြောင်း သူက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်ပြီး ဒေသခံများမှ ဦးဝင်းလွှင်အား အရေးယူရန် သုံးကြိမ်တိတိ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သူက ပြောဆိုသည်။

ရခိုင်ပြည်နယ် လ၀ကမှူး ဦးဝင်းလွှင်အား ရှမ်းပြည်နယ် လ၀ကမှူး နေရာနှင့် နေရာ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းမှာ ယခု ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်ခဲ့သော ပြသနာ နှင့် ဆက်စပ်မှု ရှိ/ မရှိကို သက်ဆိုင်ရာသို့ ဆက်သွယ် မေးမြန်း၍ မရရှိသဖြင့် တင်ပြနိုင်ခြင်း မရှိပါ။

Photo credit to U Aung Than Wai
Narinjara
https://www.facebook.com/Narinjara
ရခိုင်နှင့်ရှမ်း လ၀က ပြည်နယ်မှူးများ အပြောင်းအလဲ လုပ် ရခိုင်နှင့်ရှမ်း လ၀က ပြည်နယ်မှူးများ အပြောင်းအလဲ လုပ် Reviewed by THITHTOOLWIN on 15:36 Rating: 5
Powered by Blogger.