ပျောက်ဆုံးနေသူ ချွတ်ပြင်ရွာသားကို ရှာဖွေရာမှ မသင်္ကာဖွယ်ရာ ဆောက်လုပ်နေသည့် တဲများအား မေယူတောင်ထဲတွင် တွေ့ရှိ

(မေယူတောင်ထဲတွင် တွေ့ရသော လူနေရန်ပြုလုပ်နေသည့် တဲများကို တွေ့ရစဉ်။)
နိရဉ္စရာ၊ ဇူလိုင် ၂၉

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်ကျေးရွာသား မောင်သန်းဌေး ပျောက်ဆုံးနေ၍ ကျေးရွာသားများ လိုက်လံ ရှာဖွေနေစဉ် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်နေသည့် တဲများကို တွေ့ရှိရသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ မေယူတောင် အထက်နန်းရာချောင်းထဲက သင်္ကန်းနက်တောင်ထဲမှာ အကြမ်းဖက်သမားတွေ ခိုလုံနေထိုင်ဖို့ ဆောက်လုပ်နေတယ်လို့ ယူဆရတဲ့ မသင်္ကာဖွယ်ရာတဲတွေကို တွေ့ရှိပါတယ်။ အဲဒီတဲတွေထဲကဘဲ ပေါက်တူး နှစ်လက်၊ သံတူးရွင်း နှစ်လက်နဲ့ ပေါက်ဆိန် တစ်လက်တွေ့ရပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။

(မေယူတောင်ထဲတွင် တွေ့ရသော လူနေရန်ပြုလုပ်နေသည့် တဲများကို တွေ့ရစဉ်။)
ယခု ဆောက်လုပ်ထားသည့် တဲများမှာ အလွန်နက်သည့် တောနက်ထဲမှာ ဖြစ်သဖြင့် အကြမ်းဖက်သမားများ နေထိုင်ရန် ဆောက်လုပ်နေသည့် တဲများ ဖြစ်နိုင်ကြောင်း ဦးမောင်အေးညွှန့်က ပြောဆိုသည်။

“ အဓိကတော့ မေယူတောင်ထဲမှာ ဘင်္ဂလီ အကြမ်းဖက်သမားတွေက ခြေကုတ် စခန်းယူဖို့ ကြိုစားနေတဲ့ အတွက် ရခိုင်တိုင်းရင်းသားတွေ မယူတောင်ထဲကို မ၀င်ရဲအောင် ခြောက်လှန့်သတ်ဖြတ်နေတယ်။ အခုက ဘယ်ရခိုင်မှ မေယူတောင်ထဲကို မသွားဝံ့ဘဲ ဖြစ်နေပါတယ်” ဟု ဦးမောင်အေးညွှန့်က ပြောသည်။

(မေယူတောင်ထဲတွင် တွေ့ရသော လူနေရန်ပြုလုပ်နေသည့် တဲများကို တွေ့ရစဉ်။)
မေယူတောင်သည် ရခိုင်တိုင်းရင်းသား အများအပြား မှီခို လုပ်ကိုင် စားသောက်နေရာ တောင်တန်း တစ်ခု ဖြစ်သော်လည်း ယခုအခါ ၎င်းတောင်တန်းမှာ ဘင်္ဂလီ အကြမ်းဖက်အုပ်စုများ၏ စိုးမိုးနယ်မြေ ဖြစ်သွားပြီ ဖြစ်ကြောင်း ဦးမောင်အေးညွှန့်က ပြောကြားသည်။

ယခုနှစ် ဧပြီလ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့ နယ်ကျောက်စာတိုင် ကျေးရွာမှ ကျေးရွာသား နှစ်ဦး မေယူတောင်ထဲသို့ ခရုကောက်ရန် သွားရာမှ ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ ရှာဖွေ၍ မရရှိကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် ကျေးရွာမှလည်း ရွာသားနှစ်ဦး ဟင်းစားရှာရန် မေယူတောင်ထဲသို့ သွားစဉ် တစ်ဦး အသတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်လာခဲ့သည်။ မောင်တောမြို့နယ် သရက်အုပ် ကျေးရွာမှ မြိုကျောင်းဆရာ တစ်ဦးလည်း ၀ါးခုတ်ရန်သွားရောက်စဉ် သေနတ်နှင့် ပစ်ခတ်ခံခဲ့ရပြီး မောင်တော ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

Narinjara
https://www.facebook.com/Narinjara
ပျောက်ဆုံးနေသူ ချွတ်ပြင်ရွာသားကို ရှာဖွေရာမှ မသင်္ကာဖွယ်ရာ ဆောက်လုပ်နေသည့် တဲများအား မေယူတောင်ထဲတွင် တွေ့ရှိ ပျောက်ဆုံးနေသူ ချွတ်ပြင်ရွာသားကို ရှာဖွေရာမှ မသင်္ကာဖွယ်ရာ ဆောက်လုပ်နေသည့် တဲများအား မေယူတောင်ထဲတွင် တွေ့ရှိ Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.