နေပြည်တော်၊ ဇူလိုင် ၁၈
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ကံကြီးကုန်းရွာနေ ဦးပေသီး(၅၈)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ မမြင့်မြင့်ဝင်း(၃၅)နှစ်နှင့် ခင်ပွန်းဖြစ်သူ မင်းနိုင်(၃၅)နှစ်တို့သည် လင်မယားချင်းစကားများ ရန်ဖြစ်ကြရာက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ခင်ပွန်းဖြစ်သူ မင်းနိုင်မှ မမြင့်မြင့်ဝင်း အား သစ်သားတုတ်၊ ဝါးရင်းတုတ်ဖြင့်ရိုက်သောကြောင့် မမြင့်မြင့်ဝင်း၏ ဦးခေါင်း၊ မျက်နှာနှင့် လည်ပင်းတို့တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါလူသတ်မှုအား ဦးပေသီး ၏ တိုင်တန်းချက်အရ ချောင်းဦးမြို့မရဲစခန်း(ပ)၇/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
လင်မယားချင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:26
Rating:
