မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ဇူလိုင်(၁၉)ရက် ည(၁၀)နာရီခွဲ အချိန်ခန့်က မန္တလေးကို ပို့ဆောင်မယ့် ထိုင်းနိုင်ငံနဲ့ ဂျာမဏီနိုင်ငံ လုပ်မောင်းပြန်သေနတ်(၂၂)လက်ဖမ်းဆီးရမိခဲ့တယ်လို့ သာစည်မြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။
ဖြစ်စဉ်မှာ မူးယစ်တပ်တပ်ဖွဲ့စု(၁၈) မန္တလေးတောင်ပိုင်းအဖွဲ့နဲ့ သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေဟာ သတင်းအရသက်သေတွေနဲ့အတူ တောင်ကြီး-မီတ္ထီလာ ကားလမ်းမကျွဲတပ်ဆုံတိုးဂိတ်အနီး စောင့်ဆိုင်းနေတုန်းမှာ လွိုင်ကော်ကနေ မန္တလေးဘက်ကို သွားမယ့် ယာဉ်အမှတ် 2D/5608 မော်တော်ယာဉ်ကို သက်သေတွေရှေ့မှောက်မှာ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အဲဒီလို ရှာဖွေရာမှာ ယာဉ်ရဲ့ နောက်ခန်းအတွင်းကနေ အဖြူရောင်ဆာလာအိပ်အတွင်း မွေ့ယာနဲ့ ပတ်ထားပြီး သိုဝှက်သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံလုပ်ကိုယ်ထည်မှာ ထိုင်းစာတမ်းတွေပါတဲ့ မောင်းပြန်သေနတ် အလက်(၂၀)နဲ့ ဂျာမနီနိုင်ငံလုပ် ကျည်အိမ်မပါ AK-47(၂)လက်၊ ထိုင်းနိုင်ငံလုပ် ကျည်အိမ် အခု(၂၀)၊ ငွေစက္ကူ (၈)သိန်းခန့်နဲ့ လက်ကိုင်ဖုန်း(၃)လုံးတို့ကို သက်သေတွေ ရှေ့မှောက်မှာ သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီလက်နက်တွေကို ကလေးမြို့တာတန်းရပ်ကွက်နေသူက ဝယ်ယူ သယ်ဆောင်းခိုင်းတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်နက်တွေကို တရားမဝင်သယ်ဆောင်ယူပြီး လက်ဝယ်ထားရှိသူတွေ ဖြစ်ကြတဲ့ နေစိုးထွေး၊ မြတ်ဆုနှင်းတို့နဲ့ သယ်ဆောင်ခိုင်းသူ ကလေးမြို့က မောရ(ခ) ကျုံးရန်ဆန်တို့ကို သာစည်မြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း) က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
သာစည်တွင် မောင်းပြန်သေနတ်များ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
16:40
Rating:
