လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ဦးအား မြ၀တီမြို့သို့ လာရောက် လွှဲပြောင်းပေးအပ်


မြ၀တီ ဇူလိုင်၁၈

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ၊ ယာယီစောင့်ရှောက်ရေးဂေဟာတွင် ယနေ့ ဇူလိုင် ၁၈ရက်၊ နံနက် ၁၀ နာရီခန့်ကထိုင်းနိုငိငံတွင် သွားရောက်အလုပ်လုပ်ကိုင် ကြသည့် မြန်မာအလုပ်သမားများထဲမှလူကုန်ကူးခံရသူများအားထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိဂေဟာအသီးသီးတွင်လက်ခံစောင့်ရှောက်ထားသည့် လူကုန်ကူးခံရသူများအနက် နိုင်ငံသားစိစစ်မှု ရှိပြီးသူမြန်မာအလုပ်သမား(၁၄)ဦးအားထိုင်းနိုင်ငံ၊ တာ့(ခ်)ခရိုင်(လ၀က)မှ Pol-LTSomchaiWiromRaianခေါင်းဆောင်သည့် တာဝန်ရှိသူများသည်မဲဆောက်-မြဝတီလမ်းကြောင်းမှမြဝတီမြို့သို့လာရောက်အပ်နှံပေးခဲ့ ကြောင်းသိရသည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုတို့က နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောကြားခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက အသိပညာပေးနှစ်သိမ့်ဟောပြောပေးခြင်းနှင့် လိုအပ်သည့် ကူညီဆောင်ရွက်ပေးမှုများအားကူညီဆောင်ရွက် ပေးခြင်း၊မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဌဒေါက်တာမေစံပယ်အောင်နှင့်အဖွဲ့ဝင်များကနှစ်သိမ့်အားပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာမှာအမျိုးသား(၆)ဦး၊ အမျိုးသားကလေး(၂)ဦး၊ အမျိုးသမီး(၅)ဦး၊ အမျိုးသမီးကလေး(၁)ဦးစုစုပေါင်း ၁၄လွှဲပြောင်းခြင်းဖြစ်ပြီးမိဘရပ်ထံပြန်လည်ရောက်ရှိအပ်နှံနိုင်ရေးအတွက် မော်လမြိုင်ကလူငယ်သင်တန်းကျောင်းကိုမော်လမြိုင်လူမှုဝန်ထမ်းဦးစီးဌာနကညွှန်ကြားရေးမှူးဦးကိုကိုနိုင်ဦးဆောင်ပြီးခေါ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျွန်တော်ကကျောက်ဖြူကပါ ကျောက်ဖြူကနေပီးတော့ ရန်ကုန်မှာပန်းတိမ်လုပ်ငန်းလေးသွားလုပ်တာပါ၊ ရွှေဈေးတွေက လည်းတဖြည်းဖြည်းတက်လာတော့ အဆင်မပြေပါဘူး၊ အဲဒါနဲ့ မလေးရှားသွားမယ်ဆိုပီးဒီထိုင်းကနေသွားတော့ ဖမ်းခံထိတာပါဟု လွှဲပြောင်းမှုတွင်ပါလာသည့်သူတစ်ဦးကပြောကြားသည်။ ကျွန်တော်ကသာကေတမြို့နယ် ကပါ ထိုင်းမှာအလုပ်လုပ်တာ အထောက်အထားလည်းမရှိပါဘူး၊ အဲ့ဒါမိန်းမနဲ့ သမီးကို ပြန်ခေါ်တာပါ လမ်းမှာဖမ်းခံထိတာပါဟုနောက်တစ်ဦးကပြောကြားသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ဦးအား မြ၀တီမြို့သို့ လာရောက် လွှဲပြောင်းပေးအပ် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ဦးအား မြ၀တီမြို့သို့ လာရောက် လွှဲပြောင်းပေးအပ် Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.