နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်မှာရှိတဲ့ Amarnath အမာနတ်ဟိန္ဒူဘုရားကျောင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ပြစ်တင်ရှုတ်ချလိုက်ကြောင်း ၀န်ကြီးချုပ် နရိန်ဒရာမိုးဒီဆီ စာရေးသားပေးပို့တယ်လို့ အိန္ဒိယအစိုးရက ကြေညာပါတယ်။ အဲဒီ ဘုရားကျောင်းဟာ မြေအောက်ဂူတခုဖြစ်ပြီး လာရောက်ဝပ်ပြုသူ ၇ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရခဲ့ပါတယ်။
ဘုရားဖူးလာသူတွေ အခုလို အကြမ်းဖက်တိုက်ခိုက်ခံရတာကို တခြားနိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ပြစ်တင်ရှုတ်ချနေပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတွေက ဒီလို အကြမ်းဖက်ခံရမှုအတွက် ၀မ်းနည်းကြောင်း ပြောကြားပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှု ဆန့်ကျင်တိက်ဖျက်ရေးအတွက် အိန္ဒိယနဲ့ တစည်းတလုံးတည်းရှိပါကြောင်း ဂျာမနီ၊ ပြင်သစ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကလည်း ထုတ်ဖော်ပြောကြားပါတယ်။
ဘုရားဖူးတွေကို ဒီလိုစက်ဆုတ်ရွံရှာဖွယ်အကြမ်းဖက်တိုက်ခိုက်တာကို ပြစ်တင်ရှုတ်ချပါတယ်လို့ ၀န်ကြီးချုပ် မိုးဒီဆီ ပေးပို့တဲ့ စာမှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာကလည်း ရေးသားထားပါတယ်။ ဒီလို အခက်ကြုံရချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယကို ထပ်လောင်း အားပေး ထောက်ခံတယ်လို့လည်း ဖော်ပြပါတယ်။
နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချပြီး ၀မ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အမာနတ်ဘုရားကျေင်းတိုက်ခိုက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
Reviewed by THITHTOOLWIN
on
07:58
Rating:
