ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒုဋ္ဌဝတီလမ်း (ဗေလုဝကွေ့)တွင် ဇူလိုင် (၂ဝ)ရက် မွန်းလွဲ ၁နာရီခန့်က မယ်ဇလီပင်ပေါ်၌ မယ်ဇလီရွက် တက်ခူးသူ လူငယ်တစ်ဦး မယ်ဇလီရွက်များ ရေစိုနေရာ၌ လျှပ်စစ်ဓာတ်ကြိုးဖြင့်ထိနေရာမှ ထိုလူငယ် ထိမိပြီး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လူငယ်တစ်ဦးသည် မယ်ဇလီပင်ပေါ်တွင် ဇောက်ထိုးအနေအထား ၊သစ်ကိုင်းပေါ် တွင် မှောက်ခုံတန်းလန်းဖြင့် ရပ်ကွက်လုပ်သားပြည်သူများ အချိန်အတော်ကြာတွေ့ရှိနေရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သို့ သတင်းပေးခဲ့ရာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ များ၊ တာဝန်ရှိသူတို့က ဗိုလ်တထောင်၊ ဂန္ဓီဆေးရုံ၊ အရေးပေါ်ဌာနသို့ပို့ဆောင်ခဲ့ရာ ဆေးရုံတွင်သေဆုံးသွား ခဲ့သည်။
သေဆုံးသူမှာ အမှတ် (၆ဝ)ရပ်ကွက်နေ မောင်ရန်နိုင်ဝင်း၊ အသက် (၂၆)နှစ်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူဖြစ်ကြောင်းသိရသည်။
ကိုကြီးစိုး (ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မယ်ဇလီပင်ပေါ်၌ မယ်ဇလီရွက်တက်ခူးရင်း ဓာတ်လိုက်သေဆုံးမှုဖြစ်
Reviewed by THITHTOOLWIN
on
16:59
Rating:
