မော်လမြိုင်၊ ဇူလိုင် ၁၈
မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက် နေအိမ်တစ်အိမ်၌ သားအမိနှစ်ဦးအိပ်ပျော်နေစဉ် လည်ပင်းကို လှီးသတ်ခဲ့သည့်ဖြစ်စဉ် ဇူလိုင်လ ၁၈ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်ဒေသခံပြည်သူများထံမှ သိရသည်။
မော်လမြိုင်- ဇာသပြင်ကားလမ်း၊ မိုင်တိုင်အမှတ် (၅/၅)၊ စည်ပင်သာယာပိုင် မြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီး နေအိမ်တစ်ခုရှိ ဧည့်ခန်းအတွင်း အိပ်ပျော်နေသည့် သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မဇင်မာစိုး(ခ) ဆာဟာဒါ မှာ လည်ပင်ပြတ်ရှဒဏ်ဖြင့် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ အသက် ၅၄ နှစ် ဒေါ်ဇင်မီသန်း(ခ) ဇွန်မီလာဘီမှာ ဓားဒဏ်ရာများဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံ၌ အရေးပေါ်လူနာဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးထံမှ သိရသည်။
အဆိုပါ သားသမီနှစ်ဦးကို လည်ပင်းလှီခဲ့သည့် ရာဇာဝတ်ကျူးလွန်သူကို မသိခဲ့ကြောင်း အမှုနှင့်ပတ်သတ်၍ ရာဇဝတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် မွန်ပြည်နယ်မှုခင်းနှိမ်နင်းရေးအကူရဲတပ်ဖွဲ့ဝင်များတို့နှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်းထံမှ သိရသည်။
သတင်း၊ ဓာတ်ပုံ- ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
သားအမိနှစ်ဦးကို လည်ပင်းလှီးပြီး လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:43
Rating:
