စစ်တွေတွင် လုံခြုံရေးတိုးမြှင့်ပြီး မီးစက်ခွဆုံတွင် စစ်ဆေးမှုများ


နိရဉ္စရာ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ် စစ်တွေမြို့တော် အ၀င်ဝ မီးစက်ခွဆုံတွင် ရဲလုံခြုံရေးတိုးမြှင့်ပြီး ယနေ့ ညနေပိုင်းတွင် အစစ်ဆေးများနေကြောင်း သတင်းရရှိသည်။

အာဇာနည်နေ့တွင် စစ်တွေသို့ ဖောက်ခွဲရေး အဖွဲ့များ ၀င်ရောက်မည်ဟု သတင်းရ၍ ယခုလို ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိကြောင်း စစ်တွေ ဒေသခံ သတင်းသမား လေးဝတီ ထွန်းစောခိုင်က ပြောသည်။

“ ဒီမှာ သတင်းဖြစ်နေတာက ၁၉ ဇူလိုင်မှာ ဖေါက်ခွဲရေးသမားတွေ ၀င်မယ်လို့ သတင်းရထားတဲ့ အတွက် ခုလို စစ်ဆေးမှုများနေတာလို့ သိရပါတယ်။ တိတိကျကျတော့ အတည်ပြုနိုင်တာမဟုတ်ပါဘူး။ ကြားရတဲ့ သတင်းပါ” ဟု သူက ဆိုသည်။


စစ်တွေမီးစက်ကြီးခွဆုံတွင် စစ်တွေသို့ ၀င်လာသမျှ ကားများ၊ ၀န်တင်ထော်လာဂျီများ၊ ဆိုင်ကယ်များကို ရဲတပ်ဖွဲ့ဝင်များက ရပ်တန့် စစ်ဆေးနေကြောင်း သိရသည်။

အာဏာပိုင်များသို့ ဆက်သွယ်သော်လည်း ယခုကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ဖြေဆိုခြင်း မရှိပါ။

Photo -Tin Nyein Oo
Narinjara
https://www.facebook.com/Narinjara
စစ်တွေတွင် လုံခြုံရေးတိုးမြှင့်ပြီး မီးစက်ခွဆုံတွင် စစ်ဆေးမှုများ စစ်တွေတွင် လုံခြုံရေးတိုးမြှင့်ပြီး မီးစက်ခွဆုံတွင် စစ်ဆေးမှုများ Reviewed by THITHTOOLWIN on 06:27 Rating: 5
Powered by Blogger.