BGF(နယ်ခြားစောင့်) တပ်မှ ကားတစ်စီး ဆိုင်ကယ်တိုက်ပြီး ရေမြောင်းထဲနစ်မြုပ် နှစ်ဦးသေဆုံး


(6-7-2017) ဇူလိုင်လ ၆ရက်နေ့  မွန်းလွဲ ၂ နာရီခန့် က မွန်ပြည်နယ် ကျိုက်မရောမြို့ နယ် ခရုံဂူ နှင့် ဘာဘူကုန်းရွာကြား BGF တပ်နယ်မှဟု သိရသော Vigo ကားတစ်စီးသည် စလစ်ဖြစ်ကာ လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ် တစ်စီးကိုပါ ဝင်တိုက်ပြီး လမ်းဘေး ရေမြောင်းထဲ နစ်မြုပ်ခဲ့ပါသည်။

ကားပေါ်တွင် ကျား ၃ မ ၁ လူလေးဦးပါလာသည်ဟု သိရပြီး ကားထဲမှ ကျား ၁ မ ၁ မှာ ဆယ်ယူရရှိစဉ် သေဆုံး နေပြီး ကျန်နှစ်ဦးမှာ ရေထဲ လွင့်ထွက်သွားခဲ့သည်။

 သေဆုံးသူမှာ BGF တပ်နယ်မှ ဗိုလ်ကြီးတစ်ဦးဖြစ်သည်ဟု သိရပါသည်။

BGF(နယ်ခြားစောင့်) တပ်မှကားတစ်စီး စလစ်ဖြစ်ကာ လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်တိုက်ပြီး ရေမြောင်းထဲနစ်မြုပ် နှစ်ဦးသေဆုံး

သေဆုံးသူများ၏ DB အား မွန်မြတ်သောနှလုံးသား ပိုင်ရှင်များ ညောင်ပင်ဆိပ် RESCUEအသင်းနှင့် မော်လမြိုင် RESCUE အဖွဲ့ဝင်များမှ မွန်မြတ်အသင်းနာ/ကူ ကားဖြင့် သယ်ဆောင်ကူညီလာပေးပြီး မော်လမြိုင်ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ အရောက် ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။

နစ်မြုတ်နေသောမော်တော်ယာဉ်အား ညနေ ၅ နာရီအထိ ကရိန်းကား အကူအညီဖြင့်ပြန်လည်ဆွဲတင်နေဆဲဖြစ်ပါသည်။

Mawlamyine Rescue Organization
https://www.facebook.com/mawlamyineuptodate
BGF(နယ်ခြားစောင့်) တပ်မှ ကားတစ်စီး ဆိုင်ကယ်တိုက်ပြီး ရေမြောင်းထဲနစ်မြုပ် နှစ်ဦးသေဆုံး BGF(နယ်ခြားစောင့်) တပ်မှ ကားတစ်စီး ဆိုင်ကယ်တိုက်ပြီး ရေမြောင်းထဲနစ်မြုပ် နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.