Y-8 လေယာဉ် အစိတ်အပိုင်း ဆယ်ယူရာမှာ ပါဝင်တဲ့ ရေငုပ်သမားသေဆုံး


နေပြည်တော်၊ ဇွန် ၂၃

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းအား ဆယ်ယူရန် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦး တို့နှစ်ဦးသည် ရေထုဖိအားကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဇွန် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဆေးကုသမှုခံယူနေစဉ်အတွင်း တပ်မတော်ဆေးရုံမှ ကျွမ်းကျင်ပါရဂူများဖြင့် အထူးကြပ်မတ်ကုသပေးပြီး တာဝန်ရှိသူများကနေ့စဉ်လာရောက်ကြည့်ရှု၍ လိုအပ်ချက်များအား အချိန်နှင့်တပြေးညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆေးကုသမှုခံယူလျက်ရှိသည့် နှစ်ဦးအနက် ဦးစောနောင်သည် ဇွန် ၂၂ ရက်ည ၉ နာရီခွဲတွင် ကွန်လွန်သွားကြောင်းသိရှိသဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းပါကြောင်းနှင့် ၄င်း၏မိသားစုများ၏ လိုအပ်ချက်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
Y-8 လေယာဉ် အစိတ်အပိုင်း ဆယ်ယူရာမှာ ပါဝင်တဲ့ ရေငုပ်သမားသေဆုံး Y-8 လေယာဉ် အစိတ်အပိုင်း ဆယ်ယူရာမှာ ပါဝင်တဲ့ ရေငုပ်သမားသေဆုံး Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.