ROYAL STAR( KTV )တွင် ခိုက်ရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံး


ပြည် ဇွန်လ( ၂၉)ရက်နေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ န၀ဒေးရပ်ကွက်၊ ကုန်တင်ကုန်ချဝင်းရှိ ROYAL STAR (KTV ) ဆိုင်တွင်ခိုက်ရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ(၂၈)ရက်နေ့ ည(၁၁)နာရီ(၁၅)အချိန်ခန့် ပြည်မြို့၊ န၀ဒေးရပ်ကွက်၊ ကုန်တင်ကုန်ချဝင်းရှိ ROYA STAR ( KTV)သို့ ဇာနည်ထွန်း(ခ) အာကြီး၊ သော်ဇင်အောင်၊ နိုင်းဝေယံ တို့သည် သီချင်းဆိုရန် ရောက်ရှိလာပြီး ဆိုင်ရှိဧည့်ကြိုများနှင့် KTV အခန်းကိစ္စစကားပြောရာမှအဆင်မပြေဖြစ်ကြကာ ဇာနည်ထွန်း(ခ)အာကြီး သည် ဧည့်ကြိုများအား လိုက်လံထိုးကြိတ်ရာမှ ရန်ဖြစ်ခဲ့ကြသည်ဆို၏။

ထိုသို့ရန်ဖြစ်ရာဆိုင်ရှိ ဧည့်ကြိုလက်ထောက်ခေါင်းဆောင် စိုင်းလူ ခေါင်းဆောင်သော ဧည့်ကြို(၁၅)ဦးခန့်မှ ၄င်းတို့အား ၀ိုင်းဝန်းထိုးကြိတ်၊ တုတ်ဖြင့်ရိုက်၊ ဓါးမြောင်ဖြင့်ထိုးခဲ့သဖြင့် ဇာနည်ထွန်း (ခ)အာကြီး တွင် ယာဘက်ရင်အုံတွင် (၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဦးခေါင်းထိပ်ယာဘက်တွင် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှသိရသည်။

ထို့နောက် သော်ဇင်အောင်တွင် ယာဘက်ရင်ခေါင်း(၁) လက်မခန့်ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာဘက်နံဘေး (၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် နိုင်းဝေယံတွင် ယာဘက်ဂျိုဟောင်း (၁)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်နံဘေး(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်အသီးသီး ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရဟုသိရသည်။

ထို့ကြောင့် ဇာနည်ထွန်း (ခ) အာကြီး ၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဌေး မှ စိုင်းလူပါ ဧည့်ကြို(၁၅)ဦးခန့်အား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ပြည်မြို့မရဲစခန်းသို့လာရောက် တိုင်ကြား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်း(ပ) ၁၂၉၆ /၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ /၃၂၆/၃၂၄/၃၂၃/၁၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကာ အမှုအား ပြည်မြို့မ ရဲစခန်းမှူး ဒုရဲမှူးတင်ကိုမှ လက်ခံစစ်ဆေးပြီး KTV ရှိ ဧည့်ကြိုများနှင့် အခြားဝန်ထမ်းများအား ပြည်မြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအခင်းဖြစ်ပွားမှု cctv ဗီဒီယိုမှတ်တမ်းများ online ပေါ်တွင် ပျံနှံလျှက်ရှိကြောင်း တွေ့ရပါသည်။

ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ