ကွတ်ခိုင်မြို့ တွင် လက်နက်ကြီး ဗုံးသီးစများထိမှန်၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ
KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးစများထိမှန်၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ
နေပြည်တော် ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အနီးဝန်းကျင်ရှိ နယ်မြေခံတပ်များအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက ဇွန်လ ၂၆ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ ခန့်တွင် ကွတ်ခိုင်မြို့၏အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်များမှပြန်လည်ပစ်ခတ်ရာ ၁၂ နာရီ မိနစ် ၅၀ တွင်ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်အနီးသို့ KIA/TNLA အကြမ်းဖက် သောင်းကျန်း သူများ၏ လက်နက်ကြီး ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့၏အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ပိန်းဟွယ်ကျေးရွာနေ ဒေါ်အေးအမ်နှင့် ဦးအိုက်ဒဲ့တို့နှစ်ဦးမှာ လက်နက်ကြီးစထိမှန်၍ သေဆုံးခဲ့ပြီး ဦးအိုက်စံမှာ ဦးခေါင်းတွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင်ပြည်သူ့ ဆေးရုံ တွင် ဆေးဝါးကုသမှုများခံယူလျက်ရှိသည်။
အဆိုပါဖြစ်စဉ်နေရာအနီးတစ်ဝိုက်သို့တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
Powered by Blogger.