Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နာမည်ကြီး နေသော ဘိုကလေးမြို့မှ မူးယစ်ဆေးဝါး ရောင်းချနေသူများ အားဖမ်းဆီး


(ဘိုကလေး) ဇွန် ၂၉ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချကြောင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နာမည်ကြီး နေသည့် နေရာများသို့ တိုင်းရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ တတိယ လမ်းရှိ အောင်တော်မူဘုရားရှေ့လမ်းမပေါ်တွင် တိုင်းရဲတပ်ဖွဲ့ရုံး ဦးစီး(၁)ဌာနမှ ရဲအုပ် တင်မောင်သက်၊ အမှတ်(၅၀) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ် သန်းထိုက်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရစောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဇင်မင်းထက်နှင့် ထက်လင်းအောင်(ခ)ကိုထက်တို့ စီ့းနင်းလာ သောဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဆိုင်ကယ်မရပ်ဘဲ ဆက်မောင်းသွားသဖြင့် လိုက်လံဖမ်းဆီးရာတွင် ပင်နီစလင် ပုလင်းဖြင့်ထည့်ထားသော ဘိန်းဖြူဟုထင်ရသည့် အ၀ါရောင်မှုန့် (၂)ပုလင်းနှင့်အတူဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးမိခဲ့သူများစစ်ဆေးမေးမြန်းရာ ဘိုကလေးမြို့၊ အမှတ်(၈) ရပ်ကွက်နေ ကိုသူထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်းပြောပြသဖြင့် သက်သေများနှင့် အတူ ကိုသူ နေထိုင်သောအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သော ဆေးဝါးများမရှိဘဲ မူးယစ်ဆေးဝါးရောင်းချသူ ကိုသူမှာလည်း ထွက်ပြေးတိမ်ရှောင်နေကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူနှင့် ရောင်းချသူ များအား ဘိုကလေးမြို့မရဲစခန်းမှ မယ(ပ)၂/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ညနေပိုင်းကလည်း ဘိုကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်
ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့
Ayeyarwaddy Times
https://www.facebook.com/ayetimes
Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နာမည်ကြီး နေသော ဘိုကလေးမြို့မှ မူးယစ်ဆေးဝါး ရောင်းချနေသူများ အားဖမ်းဆီး Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နာမည်ကြီး နေသော ဘိုကလေးမြို့မှ မူးယစ်ဆေးဝါး ရောင်းချနေသူများ အားဖမ်းဆီး Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.