မြောက်ကိုရီးယား သမ္မတ အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအား သေဒဏ်ချမှတ်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားပြောကြား


ပြုံယမ်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ က ၎င်းတို့၏ ခေါင်းဆောင်ကြီး ကင်ဂျုံအန်း အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ပါဝင်ခဲ့သူများကို သေဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်က ပြောကြားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေး လည်းပါဝင်ကြောင်း မြောက်ကိုရီးယားနိုင်ငံ နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဋ္ဌာန၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန နှင့် ဗဟိုပြည်သူ့ရှေ့နေရုံး တို့က ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယင်းထုတ်ပြန်ချက်၌ မြောက်ကိုရီးယားနိုင်ငံသည် သစ္စာဖောက် ပက်ဂွမ်ဟေးအား သေဒဏ်ပေးရန် ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ကြေညာခဲ့ကြောင်း ပါရှိသည်။ ရန်သူများက မြောက်ကိုရီးယားနိုင်ငံ အကျိုးစီးပွား ပျက်ပြားပြီး အကျပ်အတည်းအခြေအနေသို့ ရောက်ရှိရန် အစွမ်းကုန် လုပ်ဆောင်လာသည့် အတွက် ၎င်းထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ တောင်ကိုရီးယားနိုင်ငံ အမျိုးသားစုံစမ်းထောက်လှမ်းရေးဋ္ဌာန (NIS) ညွှန်ကြားရေးမှူးဟောင်း Lee Byung-ho ကို လည်း အလားတူ ပြစ်ဒဏ်မျိုး ချမှတ်ခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် ထုတ်ပြန်ချက် ၌ တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားသို့ ပက်ဂွမ်းဟေး အား ချက်ချင်း လွှဲပြောင်းပေးစေလိုကြောင်း နှင့် လွှဲပြောင်းပေးရန် ငြင်းဆန်ပါက မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ဆိုးကျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

(ဆင်ဟွာ)
China Xinhua News
မြောက်ကိုရီးယား သမ္မတ အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအား သေဒဏ်ချမှတ်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားပြောကြား  မြောက်ကိုရီးယား သမ္မတ အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအား သေဒဏ်ချမှတ်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားပြောကြား Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.