မသင်္ကာစရာအ​လောင်း တစ်​​လောင်း​တွေ့


မွန်ပြည်နယ် ​ပေါင်​မြို့နယ်​ ပန်းကုန်း​ကျေးရွာ မကသဲတံတား ​အောက်​တွင်​ ဇွန်​လ၂၆ မနက်​ပိုင်းက လူ​သေ​လောင်းတစ်​​လောင်း​တွေ့ရပြီး ဦး​ခေါင်းချို​စောင်းကွဲလျှက် ​အ​နေထား​တွေ့ရသည်​။


အ​လောင်းအနီး ​ချောင်းထဲတွင်​ ၎င်းစီးလာ​သော ဆိုင်​ကယ်​ကိုပါ ပျက်​ဆီး​နေသည့်​ အ​နေထားဖြင့်​​တွေ့ရသည်​ ဆိုင်​ကယ်​​သော့မှာ ​သေသူ၏ခါးကြားတွင်​​တွေ့ရသဖြင့်​ ​မောင်းလာစဉ်​ဆိုင်​ကယ်​ကျသွားခြင်း မဟုတ်​သည်​က ​သေချာ​နေသည်​။


ထို့အပြင်​ တံတား​ပေါ်၌ ၎င်း၏ဖိနပ်​ တဖက်​ကျန်​​နေသည်၊ ​သေဆုံးသူမှာ ဇင်းကျိုက်​ခ​လောက်​အင်းရပ်​ကွက်​မှ ဦးဘုတ်​အိ(ခ )ဒိုက်​ဘွတ်​ရဲ့သားအကြီး ၀တုတ်​ ဆိုသူ ဖြစ်​ကာ အသက်​၂၅ နှစ်​ခန့်​ရှိ​ကြောင်းသိရသည်​။

Paung Daily
https://www.facebook.com/paungdaily/

မသင်္ကာစရာအ​လောင်း တစ်​​လောင်း​တွေ့ မသင်္ကာစရာအ​လောင်း တစ်​​လောင်း​တွေ့ Reviewed by THITHTOOLWIN on 10:28 Rating: 5
Powered by Blogger.