ငါးရှဥ့် ဈေးနှုန်းကျဆင်း၍ ငါးဖမ်းသူများ တွက်ခြေမကိုက်


ရေတာရှည် ဇွန် ၂၅

တရုတ်ဈေးကွက်၏ ဝယ်လိုအားအပေါ် တည်မှီနေသော ငါးရှဥ့်ဈေးကွက်မှာ ယခု မိုးရာသီ၌ ဈေးနှုန်းဆက်လက်ကျဆင်းလျက်ရှိသဖြင့် ရေတာရှည်မြို့နယ်အတွင်းမှ ငါးရှဥ့်ရှာဖွေဖမ်းဆီးသူများအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြကြောင်း သိရသည်။

ပြီးခဲ့သော နွေရာသီကာလအတွင်းက ငါးရှဥ့်ဖမ်းမိမှုနည်းသော်လည်း ဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ်ရှစ်ထောင်ဝန်းကျင်အထိရှိခဲ့ပြီး ယခု မိုးရာသီကာလ ငါးရှဥ့်အဝင်များ ချိန်တွင် ဈေးကွက်ဝယ်လိုအားရှိသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၅၆ဝဝ နှုန်းဖြင့်သာ ဝယ်ယူကြောင်း သိရသည်။ ရေတာရှည်မြို့ရှိ ငါးရှဥ့်အဝယ်ဒိုင်လုပ်ကိုင်သူတစ်ဦးက ''နွေတုန်းကတော့ ငါးရှဥ့်က အရကလည်း နည်းတယ်။ ဝယ်လိုအားကို လိုက်မရောင်း နိုင်တော့ ဈေးကောင်းရတယ်။ အခု မိုးရာသီကျတော့ ငါးရှဥ့်အဝယ်က များတယ်။ ဒါပေမယ့် မူဆယ်ဈေးကွက်မှာ တင်ပို့ရောင်းချမှု အလွန်များနေတော့ ဈေးကျသွားတာ နေ့တိုင်းလိုလိုကျနေတယ်''ဟု ပြောသည်။

ကျေးလက်ဒေသနေ လက်လုပ်လက်စားအများစုမှာ ငါးရှာဖွေရောင်းချခြင်းအပြင် ငါးရှဥ့်ရှာဖွေဖမ်းဆီးခြင်းကိုလည်း အပိုဝင်ငွေရသော အလုပ်တစ်ခုအနေဖြင့် လုပ်ကိုင် ကြကာ ယခုနောက်ပိုင်း ငါးရှဥ့်ဖမ်းဆီးကြရာတွင် ဘက်ထရီရှော့ခ်တိုက်ဖမ်းဆီးခြင်းက များလာသည့်အတွက် ဈေးကွက်ဝင်သည့်ငါးရှဥ့်များကို ရှာဖွေရန် ခက်ခဲလာလျက်ရှိ ကြောင်း သိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငါးရှဥ့် ဈေးနှုန်းကျဆင်း၍ ငါးဖမ်းသူများ တွက်ခြေမကိုက် ငါးရှဥ့် ဈေးနှုန်းကျဆင်း၍ ငါးဖမ်းသူများ တွက်ခြေမကိုက် Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.